၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

စက်တင်ဘာ (၁၅)ရက်မှ (၂၁) ရက်အတွင်းတွင် စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသ ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ အမျိုးသမီးများ အပါအဝင် ဒေသခံ ပြည်သူ (၁၃၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှ ပြည်သူ (၁)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့သတ်ဖြတ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်အကျဉ်းထောင်တွင် ဝန်ထမ်း များက နိုင်ငံရေး အကျဥ်းသားများ၏ မိသားစုဝင်များထံမှ ငွေကြေး လိမ်လည်တောင်းခံမှုများ ပြုလုပ်ခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ (၁၈)ဦး ခန့် သေဆုံးခဲ့ပြီး (၂၉)ဦး ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၅၀)နီးပါးကို ဖမ်းဆီးခဲ့ပြီး ပြည်သူ (၃၆)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုုးဖောက်မှုများကြောင့် အသက်မပြည့်သေးသူ (၁)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။