၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မျာ

ဇွန်(၂၂)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ် ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း အရပ်သားပြည်သူများ (၉)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁၁) ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူပိုင်အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ခင်ဦးမြို့နယ်မှ ပြည်သူ(၃၅)ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားသည်။ စစ်အာဏာရှင် တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်(၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသမီး (၂)ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်သား (၁၃)ဦး အပါအဝင် ပြည်သူ(၁၈)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ ကန့်ဘလူမြို့နယ် မှ ဒေသခံပြည်သူများကို ပျုစောထီး သင်တန်းမတတ်ပါက အိမ်နှင့် လယ်ယာမြေများ သိမ်းယူမည်ဟု စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီး အဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည်။