မတ်လ ၂၂ရက်မှ ၃၁ရက်အတွင်း စစ်အာဏာရှင်တပ်မှ ကရင်ပြည်နယ်၊ကယားပြည်နယ်၊ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်‌ လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ တပတ်အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် အဆောက်အဦးများ မီးလောင်ပျက်စီးခြင်း၊ အိမ်မွေးတိရစ္တာန်များ သေဆုံးခြင်း ဖြစ်ခဲ့ပြီး ဒေသခံပြည်သူများမှာလည်း သေဆုံးသူ (၁၄) နီးပါးနှင့် ထိခိုက်ဒဏ်ရာရသူ အနည်းဆုံး (၃၀) ဦးအထိ ရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှ ပြည်သူ့တပ်မတော် ခေါင်းဆောင်နှင့် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှ ရွာသား ၁ဦးတို့ကို ခေါင်းဖြတ် သတ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မီးရှို့သတ်ဖြတ်မှုကြောင့် ပြည်သူ (၈)ဦး သေဆုံးခဲ့ရသည်။ ဒေသခံ ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းတစ်လျောက်လူသားဒိုင်းအဖြစ် ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်များ၏ လက်နက်ကြီး၊ လက်နက်ငယ်များကို အသုံးပြု ပစ်ခတ် တိုက်ခိုက်ခဲ့သော ကြောင့် ကလေးငယ် (၄) ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မှ ကလေး (၁)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်မှ လသားအရွယ် ကလေးငယ် (၁)ဦးအပါအဝင် ဒေသခံ (၁၀)ဦးကို ဖမ်းဆီးခဲ့သည်။