အပတ်စဉ်ထုတ်ပြန်ချက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ (မတ်လ ၂၈ မှ ဧပြီ ၃ရက်)ထိ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာတွင် ပါ၀င်မှုကြောင့် လူငယ်များသည် အကြမ်းဖက်စစ်ခုံရုံးတွင် တရားမျှတမှုမရှိသော ပြစ်ဒဏ်ချခံနေရမှုများ တိုးလာနေသည်။ နေ့စဥ် ဖမ်းဆီးချုပ်နှောင်ခံထားမှုနှင့် ပျောက်ဆုံးမှုများသည် တိုင်းပြည်တွင်း စိုးရိမ်ပူပန်မှုများကိုသာ ဆက်လက်ဖြစ်ပေါ်စေသည်။ နောက်ဆုံးအခြေအနေအား အကျဥ်းချုပ်တွင်ရှုပါ။