ND-Burma မှ ၆လတကြိမ် ထုတ်ဝေသည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ စစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်ထန်လာနေမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ကို မှတ်တမ်းတင်နိုင်သည်ကို တွေ့ရသည် ။ ကချင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲချခြင်း၊ ရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်း နှင့် တိုက်ပွဲများ အကြားမှ ထွက်ပြေးသည့် ရွာသားများအား လူသားဒိုင်းကာများ၊ မိုင်းရှင်းကရိယာများအဖြစ်ပါအသုံးပြုခြင်း အပါအဝင် စစ်တပ်က စစ်ပွဲအတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြသည်။