နိုင်ငံအဝှန်း လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာကြောင်း ND-Burma ၏ ၆ လတကြိမ်ထုတ်ဝေသည့် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

ရက်စွဲ။ စက်တင်ဘာ ၁၁ ရက်၊၂၀၁၈ ခုနှစ်
သတင်းထုတ်ပြန်ချက်
ND-Burma မှ ၆လတကြိမ် ထုတ်ဝေသည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ စစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်ထန်လာနေမှုနှင့်အတူ လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည်ကို မှတ်တမ်းတင်နိုင်သည်ကို တွေ့ရသည် ။ ကချင်ပြည်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲချခြင်း၊ ရွာသားများပိုင်ဆိုင်သည့် ပစ္စည်းများအား ခိုးယူ၊ ဖျက်ဆီးခြင်း နှင့် တိုက်ပွဲများ အကြားမှ ထွက်ပြေးသည့် ရွာသားများအား လူသားဒိုင်းကာများ၊ မိုင်းရှင်းကရိယာများအဖြစ်ပါအသုံးပြုခြင်း အပါအဝင် စစ်တပ်က စစ်ပွဲအတွင်း အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ကြသည်။

စစ်တပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဆက်လက်တိုက်ခိုက်နေသည့် စစ်ဆင်မှုများအတွင်း တိုင်းရင်းသား ပြည်သူများအား လက်နက်ကိုင်အဖွဲ့များအား ကူညီထောက်ပံ့သည်ဟု စွပ်စွဲကာ မတရားဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်မှုများကို စစ်သားများက ဆက်လက်ကျူးလွန်နေကြသည်။ အစီရင်ခံစာအတွက် တွေ့ဆုံမေးမြန်းခဲ့သည့် အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသားတဦးအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အား ရိက္ခာများ ထောက်ပံ့သည်ဟု စွပ်စွဲခံရကာ ၄ ရက်ကြာ ညှဉ်းပန်းနှိပ်စက်ခံရသည့် အသက် ၄၁ နှစ်အရွယ်ရှိ အမျိုးသားအား တွေ့ဆုံမေးမြန်းခဲ့ရာ စစ်သားများက သူ့အား ထိုးကြိတ် ကြသည်မှာ “တကယ်လို့ သူတို့သာ ကောက်ညှင်းဆန်ကို ထောင်းနေကြတယ်ဆိုရင် အမှုန့်တောင် ဖြစ်နေလောက်တယ်” ဟု ND-Burma သို့ ပြောတိုသည်။

အပြစ်ကျူးလွန်သော်လည်း အပြစ်မပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှုမှာ စံအဖြစ်ဆက်ရှိနေသည်။ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်စော်ကားမှုမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များအတွက် သာမန်လုပ်ရိုးလုပ်စဉ်အဖြစ် ဆက်ရှိနေသည်။ ရှမ်းပြည် မြောက်ပိုင်းရှိ စိတ်ဝေဒနာရှင် အမျိုးသမီးအဦးအား မုဒိန်းကျင့်ခဲ့သည့် စစ်သားတဦးမှာ သူ့အထက်အရာရှိ၏ ပါးရိုက်အပြစ် ပေးမှုမှအပ စည်းကမ်းတကျ အရေးယူမှုမျိုးမရှိခဲ့ပေ။

တိုက်ပွဲများပြင်းထန်လာနေခြင်းကြောင့် စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထောင်ထားသည့်မိုင်းများကြောင့် အရပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိနေသည်။
ယခုအစီရင်ခံသည့်ကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်မှုနှင့် စုဝေးခွင့်အပေါ် နှိပ်ကွပ်မှုများတွေ့ရသည်။ ရန်ကုန်နှင့် ရခိုင်ပြည်နယ်တွင် ဆန္ဒပြသူများ ဖမ်းဆီးနှိပ်စက်ခံရခြင်းနှင့် သေဆုံးမှုများရှိခဲ့သည်။

အဓိက တွေ့ရှိချက်
 ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ ပြည်နယ်နှင့် တိုင်းဒေသကြီး ၄ နေရာတွင် ဖြစ်ပွားသည့် လူ့အခွင့်အရေးချိုး ဖောက်မှု ၄၅ ခုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ် ၆ လတာကာလအတွင်း ဖြစ်ရပ်ပေါင်း ၂၄ ခုနှင့် တနှစ်လုံးတွင် ဖြစ်ရပ်ပေါင်း ၅၀ ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
 ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်လာခြင်း၏ ရလဒ်အဖြစ် လူ့အခွင့်အရေးချိုးဖောက်မှု များ များပြားလာသည်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှု ၄ပုံ ၃ ပုံကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဒေသများတွင် အရပ်သားများမှာ လက်နက်ကြီး ဖြင့် ပစ်ခတ်ခံရခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခံရခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရရှိကြရသည်။
 ယခုအစီရင်ခံသည့် ကာလအတွင်း အခြေခံလွတ်လပ်ခွင့်များ ရုပ်သိမ်းခံရသည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ် တွင် အရပ်သားများ ဆန္ဒပြသည်ကို ရဲက နှိမ်နှင်းခဲ့ရာ သေဆုံး၊ ဒဏ်ရာရမှုများရှိခဲ့ပြီး။ လက်သည်မပေါ်သည့် ဗုံးပေါက်ကွဲမှုကြောင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဖမ်းဆီးခံရသည်။ ရန်ကုန်တွင် စစ်ဆန့်ကျင်သည့် ဆန္ဒပြမှုကြောင့် ပါဝင်ခဲ့သူများကို ထိန်းသိမ်းမှုများ ရှိခဲ့သည်။
 လူ့အခွင့်အရေးချိုးဖောက်မှု အများစုကို အစိုးရတပ်များက ကျူးလွန်ခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် သေဆုံး ဒဏ်ရာရမှုများကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကျူးလွန်သည့် ဖမ်းဆီး၊ ထိန်းသိမ်းခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းနှင့် ခိုင်းစေခြင်း၊ ရပ်ရွာများအတွင်း တိုက်ခိုက်မှု ကြောင့် အရပ်သားများသေဆုံးခြင်းတို့ပါဝင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုလည်း မှတ်တမ်းတင်နိုင် ခဲ့သည်။
 အဆိုပါချိုးဖောက်မှုများအတွက် တရားမ ျှတမှုကို မရရှိသေးပါ။ ဖြစ်ရပ်တခုတွင်သာ ရှမ်းပြည်မြောက်ပိုင်းတွင် စစ်သားတဦးက ကျူးလွန်သည့် အဓမ္မပြုကျင့်မှုအတွက် ပြုကျင့်ခံရသူ အမျိုးသမီး၏ မိသားစုအား မြန်မာစစ်တပ် မှ ကျပ် ၂သိန်း (အမေရိကန် ဒေါ်လာ ၁၅၀ ခန့်) ပေးခဲ့သည်။
 ND-Burma ၏ မှတ်တမ်းတင်မှုများက ပြသနေသည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အရေးယူမှု မရှိသရွေ့ ဆက်လက်ချိုးဖောက်မှုများ ဖြစ်ပွားနေဦးမည်ဖြစ်သည်။ အစိုးရတပ်များအနေဖြင့် အထူးသဖြင့် စစ်မက်ဖြစ်ပွားနေသည့် ဒေသများတွင် လူ့အသက်ကို တန်ဖိုးထားမှု အနည်းငယ်သာ ရှိနေပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း လူ့အခွင့်အရေးချိုးဖောက်မှု များရှိနေသည်ကိုတွေ့ရသည်။ အရပ်သား ပြည်သူများမှာ နစ်နာသူ ဓားစာခံများဖြစ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ၏ နောက်ဆက်တွဲ ဆိုးကျိုးများနှင့် အပြစ်ရှိသူများအပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်နေမှု အဆုံးသတ်စေရန်အတွက် အစိုးရ၏ ပြန်လည်ကုစား ပေးလျော်သည့် လုပ်ငန်းများအဆောတလျင်ဆောင်ရွက်ရန် လိုအပ်နေသည်။

ဆက်သွယ်ရန်
ချစ်ချစ်ဝင်း
စည်းရုံးလှုံ့ ဆော်ရေး အဖွဲ့ဝင်
ဖုန်း: +95 (0) 9452204210

ND-Burma အကြောင်း
ND-Burma ၏ အဖွဲ့ဝင် ၁၆ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမ ျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)

ဆက်စပ်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေးအဖွဲ့ (ERI)
၄။ ပအို့လူငယ်အဖွဲ့ (PYO)
၅။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၆။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၇။ ရှေ့ပြေးအသံအဖွဲ့ (PV)