အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ
စစ်အာဏာရှင်တို့ အာဏာသိမ်းရန်ကြိုးပမ်းမှု ၄ နှစ်ကျော်ကြာမြင့်လာပြီဖြစ်သည်။ ထိုကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ခုခံတွန်းလှန်မှုများနှင့် စစ်အာဏာရှင်တို့၏ ရက်စက်မှုကို သိသိသာသာ ဆန့်ကျင်မှု များ တိုးပွားလာသည်။ စစ်တပ်မှ မူကြမ်းရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာသိမ်းမှု သည် တရားမဝင်သော်လည်း စစ်အာဏာရှင်တို့က အတိုက်အခံတို့အား အကြမ်းဖက် တိုက်ခိုက်၍ နိုင်ငံတကာ စံချိန်စံညွှန်းများကို ချိုးဖောက်နေကြသည်။ တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ တပ်စွဲထားခြင်း မရှိသည့်တိုင် စစ်တပ်က ကျေးရွာများနှင့် ယာယီ အခြေစိုက်စခန်း များအား ရက်ရက်စက်စက် ပစ်ခတ်အကြမ်းဖက်လျှက်ရှိသည်။
စစ်အာဏာရှင်တို့၏ အကြမ်းဖက်မှုကြောင့် ပြည်သူ ၃.၅ သန်းကျော် စစ်ပြေးဒုက္ခသည်များ ဖြစ်လာကြ သည်။ အကျိုးဆက်အနေဖြင့် ကျောင်းများအား စစ်အာဏာရှင်တို့မှ လေကြောင်းဖြင့် မကြာခန တိုက် ခိုက်ခြင်းဖြင့် ကလေးများ လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ခွင့် ငြင်းဆန်ခံနေရသည်။ စစ်သားများလာ ရောက် တပ်စွဲထားခြင်းနှင့် ရွာနီးချုပ်စပ်နှင့် လယ်ယာလုပ်ငန်းခွင်တို့တွင် မြေမြှုပ်မိုင်းများ ထောင် ထား သည့်အတွက် မိသားစုများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့စေရန်နှင့် လုပ်ငန်း ခွင်ဝင်ရန်အတွက် ရုန်းကန်နေရသည်။ ငွေကြေးဖောင်းပွမှုနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် စားနပ် ရိက္ခာရရှိရန်မှာ ခက်ခဲလာသည်။ ထို့ကြောင့် တောတောင်အတွင်း ရှာဖွေရခြင်းနှင့် ဒေသထွက် ဟင်းသီး ဟင်းရွက်များအပေါ် မှီခိုဖြေရှင်းနေကြရသည်။
မြန်မာစစ်တပ်မှ တိုးမြှင့်တိုက်ခိုက်နေပြီး ဒေသခံပြည်သူလူထုမှာလည်း ခုခံတွန်းလှန်ရေး အဖွဲ့များအား လက်ခံအကူအညီပေးနေသည်ဟုလည်း စွပ်စွဲခံနေရသည်။ စစ်တပ် စစ်ဆေးရေးဂိတ်များ နေရာအနှံ့ရှိ နေပြီး အထူးသဖြင့် လမ်းပန်းဆက်သွယ်ရေး အချက်အခြာကျသည့် နေရာများတွင်ဖြစ်သည်။ ဖြတ် သန်းသွားလာသူများမှာ စစ်ဆေးမေးမြန်းခံရ၊ ငွေညှစ်ခံရခြင်းနှင့် မကြာခန လက်စတုန်း ဖျောက်ဖျက်ခံ နေရသည်။ ဂိတ်များတွင် တားဆီး စစ်ဆေးခံရသည့် အမျိုးသမီးနှင့် အမျိုးသားများသည် စစ်အာဏာ ရှင်တို့၏ အတင်းအကြပ်စစ်မှုထမ်းရန် စာရင်းပေးသွင်းခံကြရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရမည်ဖြစ်သော်လည်း ဆယ်စုနှစ်တစုတိုင်အောင် ကျင့် သုံးမှုမရှိပေ။ သို့သော်လည်း လွန်ခဲ့သည့်နှစ်မှစပြီး စစ်အာဏာရှင်တို့က ပထမဦးဆုံး စတင်ကျင့်သုံးခဲ့ ပြီး အမျိုးသားများ အသက် ၁၈ နှစ်မှ ၃၅ အတွင်းနှင့် အမျိုးသမီးများ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည်။ စစ်အာဏာရှင်တို့အနေဖြင့် စစ်မြေပြင်တွင် မကြုံစဖူး လက်လွတ်ဆုံး ရှုံးမှုများနှင့် ကြုံရပြီးနောက် အချိန်ကိုက်၍ စစ်မှုထမ်းရန် အတင်းအကြပ် ဆောင်ရွက်လာခြင်းဖြစ် သည်။ ND-Burma အဖွဲ့ဝင်ဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ၏ အစီရင်ခံ စာအရ အတင်းအကြပ် စစ်မှုထမ်းရန် ခေါ်ဆောင်ခံရသည့် လူငယ်များအား ရှေ့တန်းစစ်မြေပြင်သို့ စေ လွှတ်၍ အသက်အန္တရာယ်ရှိသည့် အခြေအနေအောက်တွင် အတင်းအကြပ် တိုက်ခိုက်ခိုင်းနေသည်။ ယခုအခါ အဆိုပါဥပဒေအတိုင်းကျင့်သုံးနေသည်မှာ တနှစ်ကျော်ကြာပြီဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥ ပဒေမှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် မွမ်းမံပြင်ဆင်မှုအချို့နှင့်အတူ အတည်ပြုပြဌာန်းခဲ့ခြင်းဖြစ်သည်။ စစ်အာဏာရှင်တို့မှ အတင်းအကြပ်စစ်မှုထမ်းစေခြင်းကို အလျင်အမြန်ဆောင်ရွက်နေသည့်အတွက် လူငယ်များအား ကျောင်း၊ ကားဂိတ်၊ သင်္ဘောဆိပ် (သို့မဟုတ်) မိသားစုနှင့် သူငယ်ချင်းများထံ အ လည် အပတ်သွားရောက်ရာတွင် အတင်းအကြပ် စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းအပါအဝင် မရိုးသားသည့် နည်းနာများကို အသုံးပြုနေသည်။ စစ်အာဏာရှင်တို့ ထိန်းချုပ်ထားသည့် ဒေသများတွင် လူငယ်များ မကြာခန ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ ရလဒ်အနေဖြင့် ကျေးရွာများရှိ လူငယ်လူရွယ် များမှာ “ညအိပ်ရန်ပင် ကြောက်နေရသည်” ဟု ပြောဆိုကြသည်။