အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်းစစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ အစီရင်ခံစာအကျဥ်းချုပ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ ထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်

အမျိုးသမီးများအား စစ်မှုထမ်းစာရင်းသွင်းခြင်း။ စစ်အာဏာရှင်တို့၏ အတင်းအကြပ် စစ်မှုထမ်းရန် လုပ်ဆောင်မှုကြောင့် အမျိုးသမီးများအပေါ် သက်ရောက်မှုများ  ဆိုသည့် အစီရင်ခံစာအကျဥ်းချုပ်အား ND-Burma မှ ယနေ့ထုတ်ဝေလိုက်သည်။ စစ်အာဏာရှင်တို့အနေဖြင့် လူငယ်အမျိုးသားများကို အ ကြမ်းဖက်၍ စစ်မှုထမ်းစေခြင်းသာမက အမျိုးသမီးများကို မကြာသေးမီက အတင်းအကြပ် စစ်မှုထမ်းစေရန် ကြိုးပမ်းလာသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်အရ စစ်အာဏာရှင်တို့၏ အတင်းအကြပ် ဖမ်းဆီး၍ ထိန်းသိမ်းထားရှိမှုအောက်တွင် အမျိုးသမီးများအနေဖြင့် အန္တရာယ်အကြီးအကျယ်ကြုံတွေ့ နေရပြီး စစ်မြေပြင်တွင် တိုက်ခိုက်ရန် စေလွှတ်ပါက ၎င်းတို့လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုး ရိမ်စရာဖြစ်သည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ပြီးနောက် အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးမဝင်ဟု စစ်အာဏာရှင်များက ပြောဆိုသော်လည်း အသက် ၁၈နှစ်နှင့် ၂၇ နှစ်ကြား အမျိုးသမီးများ စစ်မှုထမ်းရန် စာရင်းကောက်ခြင်းကို ယခုနှစ်အစောပိုင်းတွင် စတင်ခဲ့သည့် အတွက် မိသားစုဝင်များအကြား စိုးရိမ်ပူပင်သောကရောက်ကြသည်။ စစ်အာဏာရှင်တို့အနေဖြင့် နယ်မြေဆုံးရှုံးမှုနှင့်အတူ စစ်သားများ လက်နက်ချဘက်ပြောင်းခိုလှုံမှုများပြားနေ၍ ထိုသို့ အတင်း အကြပ် စစ်မှုထမ်းစေရန် ကြိးပမ်းလာခြင်းဖြစ်သည်။

အမျိုးသမီးနှင့် မိန်းမပျိုများ၏ လုံခြုံရေးနှင့် အသက်ရှင်သန်ရေးအတွက် ND-Burma အဖွဲ့ဝင်များအ နေဖြင့် စိုးရိမ်မိသည်။ အတင်းအကြပ် စစ်မှုထမ်းစေခြင်းကြောင့် မိခင်၊ သမီးများ၊ ညီအစ်မနှင့် ကိုယ်ဝန် ဆောင်မိခင်တို့ မိသားစုနှင့် ဝေးကွာနေရသည့် လူထုအသိုင်းအဝိုင်းအကြား ကြီးကြီးမားမား သက် ရောက်မှုရှိစေသည်။ HURFOM ၏ အစီရင်ခံစာအရ မြန်မာပြည်အရှေ့တောင်ပိုင်းတွင် အမျိုး သမီးများ အား မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် စတင်၍ စစ်သင်တန်းပေးနေသည်။ မွန်ပြည်တော်လှန်ရေးတပ် (MSFF) ၏ အဆိုအရ စစ်သင်တန်း အပတ်စဥ် (၅) စတင်မည်ဟု ကြေငြာပြီးနောက် ရာနှင့်ချီသည့် အမျိုးသမီးများ လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာသည်။ 

အကယ်၍ အမျိုးသမီးများအား အတင်းအကြပ် စစ်မှုထမ်းစေပါက လူကုန်ကူးခံရခြင်း၊ ရွှေ့ပြောင်း ရခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရခြင်း၊ စိတ်ဒဏ်ရာနှင့် စိတ်ပူပင်သောကရခြင်း၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်ခံရခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်များကို ကြုံတွေ့ရနိုင်သည်။

အမျိုးသမီးများအား အတင်းအကြပ် စစ်မှုထမ်းစေခြင်းနှင့် ဆက်စပ်ပြီး အမျိုးသမီးများနှင့် မိန်းမပျိုများ အပေါ် ဆန့်ကျင်သည့် ပြစ်မှုများအား အမျိုးသမီးများ ဦးဆောင်သည့် KWAT, TWO နှင့် TWU အဖွဲ့များ အပါအဝင် ND-Burma အဖွဲ့ဝင်အဖွဲ့ အစည်းများမှလည်း မှတ်တမ်းတင်ထားသည်။ အမျိုးသမီးများဦး ဆောင်သည့် အဖွဲ့အစည်းများမှ စုဆောင်းရရှိထားသည့် သက်သေအထောက်အထားများအရ အမျိုးသ မီးများအပေါ် မလိုမုန်းထားမှုနှင့် အကြမ်းဖက်မှုများအပေါ် စစ်အာဏာရှင်တို့မှ အရေးမယူဘဲ ခွင့်ပြု ထားသည်။

ထို့အပြင် အတင်းအကြပ် စစ်မှုထမ်းစေရန် လုပ်ဆောင်မှုသည်  လူငယ်အမျိုးသားနှင့် အမျိုးသမီးတို့ စစ်မြေပြင်တွင် အသက်ဆုံးရှုံးမှုများ မဖြစ်ပွားစေရန် သေခြာစေမည့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကြားဝင်ဆောင်ရွက်မှုများနှင့် ကိုက်ညီစေရမည်ဖြစ်သည်။

အနာဂတ်မြန်မာနိုင်ငံတွင် ကျားမတန်းတူညီမျှမှု ရှိရမည်ဟု အမျိုးသမီးများက အခိုင်အမာ ပြောဆိုနေ သည်။ အဆိုပါ ရည်မှန်းချက်များ ရရှိရမည်ဖြစ်ပြီး ကျားမ မရွေး ပြည်သူအားလုံး တူညီသည့် ကာကွယ် စောင့်ရှောက်မှု၊ လွတ်လပ်မှုနှင့် အခြေခံအခွင့်အရေးများရရှိရန်လည်း သေခြာစေရမည်ဖြစ်သည်။

ပိုမိုသိရှိလိုပါက:

နိုင်အဲမွန်

Signal: +66 86 1679 741

ဆန်ထွယ်

Signal : +66649369070


လူအခွင့်အရေး မှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma)  သည် အဖွဲ့ပေါင်း ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်း ထားပြီး တိုင်းရင်းသားလူမျိုးစုများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်စားပြု ပါဝင်ကြပါသည်။ ၂၀၀၄ ခုနှစ်မှစတင်ကာ လူအခွင့်ရေး ချိုးဖောက်မှုများနှင့် ချိုးဖောက်ခံရသူများ၏ တရားမျှတမှုနှင့် ချိုးဖောက်သူများ တာဝန်ယူ တာဝန်ခံမှုရှိစေရန် မှတ်တမ်းတင်လျှက်ရှိသည်။ ကွန်ရက် တွင် အမြဲတမ်းအဖွဲ့ဝင် (၉) ဖွဲ့နှင့် ဆက်စပ်အဖွဲ့ဝင် (၄) ဖွဲ့ တို့ဖြင့် ဖွဲ့စည်းထားသည်။