၂၀၂၄ ခုနှစ်၊ ဇွန်လ (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွန်လ (၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်မှ လူငယ်(၁)ဦးကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်တပ်က Cyber Security Law ကို အတည်ပြုထားခြင်း မရှိသော်လည်း စစ်အာဏာရှင်တပ်သားများက ၎င်းတို့ ထိန်းချုပ်စိုးမိုးထားသော နေရာများတွင် Mobile Phone များကို စစ်ဆေးခဲ့ပြီး VPN အသုံးပြုသူများကို ဖမ်းဆီး ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ ဒေသခံပြည်သူ (၁၀၀)နီးပါးကို စစ်အာဏာရှင်တပ်သားများက လူသား အဖြစ် ဖမ်းဆီးအသုံးပြုခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။