၂၀၂၄ ခုနှစ်၊ မေလ (၂၂)ရက်မှ (၃၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မေလ (၂၂)ရက်မှ (၃၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြု လုပ် ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်မှုထမ်းရန် အသက်ပြည့်မှီသော လူငယ်များကို ခရီးသွားထောက်ခံစာ ထုတ် မပေးခြင်း၊ စစ်မှုမထမ်းလိုလျှင် ငွေကြေးပေးရမည်ဖြစ်ပြီး ထွက်ပြေးတိမ်းရှောင်လျှင် ပစ်ခတ်မည်ဟု အာဏာပြ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။ ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး တို့မှ လူငယ်များကို စစ်မှု ထမ်းရန် အတွက် ဆင့်ခေါ်စာများ ပေးပို့ကာ အတင်းအဓမ္မဖမ်းဆီးခြင်းများ ပြုလုပ်ခြင်းကြောင့် လူငယ်များ ထွက်ပြေး တိမ်းရှောင်နေရသည်။ ဧရာဝတီတိုင်းဒေသကြီးမှ စစ်မှုထမ်းရန် ငြင်းဆိုသော လူငယ် (၁)ဦးကို စစ်အာဏာရှင်တပ်သား များက ရိုက်နှက်ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ် အနေဖြင့် မြန်မာနိုင်အနှံ့မှ စစ်မှုထမ်းရန် သတ်မှတ် အပြည့်မှီ လူငယ်များကို ဖမ်းဆီးလျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၀)ကျော် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၅)ဦး ဒဏ်ရာ ရရှိခဲ့သည်။