၂၀၂၄ ခုနှစ်၊ မေလ (၁၅)ရက်မှ (၂၁)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

မေလ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့တွင် လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ အမျိုးသား စုစုပေါင်း (၂၀၀)ကျော်ကို စစ်မှုထမ်း အပတ် စဥ်(၂) အတွက် အဓမ္မဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သား များနှင့် စစ်အာဏာရှင် လက်အောက်ခံဝန်ထမ်းများက ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားယာဉ်များ နှင့် လူများကို ငွေကြေးတောင်းခံခြင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်မှတ်ပုံတင် ပြုလုပ်ရာတွင် ငွေကြေးတောင်းခံခြင်းများ ပြုလုပ် လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၅၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေးချိုး ဖောက်မှု များကြောင့် အသက်မပြည့်သူ (၈)ဦး သေဆုံးခဲ့ရပြီး (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သား များ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ရသည်။