“အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာ (What is Transitional Justice) ” ကို ND-Burma မှ Animation အနေဖြင့် ယနေ့ ထုတ်ပြန်လိုက်သည်။
အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာ (What is Transitional Justice)-
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာ တွင်လည်းကောင်း၊ ပြည်တွင်းစစ်ပဋိပက္ခများချုပ်ငြိမ်း၍ ငြိမ်းချမ်းရေး ဖြစ်စဉ်သို့ကူးပြောင်းရာတွင်လည်းကောင်း၊ ခွဲခြားဖိနှိပ်သည့် စနစ်မှ ခွဲခြားမှုကင်းမဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှိသည့် စနစ်သို့ကူးပြောင်းရာတွင် လည်းကောင်း အတိတ်ကာလတွင် နေရာအနှံ့ စနစ်တကျ ရည်ရွယ်ချက်ရှိရှိကျူးလွန်းခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား ပြန်လည်ဖော်ထုတ်
မှတ်တမ်းတင်ပြီး ထိခိုက်နစ်နာ ခံစားခဲ့ရသူများအတွက် တရားမျှတမှု ရရှိအောင်ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်းစဉ်ဖြစ်သည်။

အဓိက ရည်ရွယ်ချက်မှာ – လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် –
အမှန်တရားပေါ်ပေါက်ရေး(Truth)၊ တရားမျှတမှုဖော်ဆောင်ရေး (Justice)၊ ဂုဏ်သိက္ခာမြှင့်တင်ရေး Dignity၊ ပြန်လည်ကုစားပေးလျော်ရေး (Reparation)၊ ပြစ်ဒဏ်ပေးခံရခြင်းမှကင်းလွတ်နေသည့် ဓလေ့အား ဆန့်ကျင်တိုက်ဖျက်ရေး နှင့် နောက်နောင်တွင်ထပ်မံမဖြစ်ပေါ်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ပါသည်။
အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များအနေဖြင့် – ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုအပြစ်ပေးရေးလုပ်ငန်းစဉ် (Justice)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိုစုံစမ်းဖော်ထုတ်၍အမှန်တရားပေါ်ပေါက်ရေး လုပ်ငန်းစဉ် (Truth)၊ နစ်နာသူများအား ပြန်လည်ကုစားပေးလျှော်ရေးနှင့် ဂုဏ်ပြုပေးခြင်း လုပ်ငန်းစဉ် (Reparation) နှင့် နောက်နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံရန် အခြေခံဥပဒေအပါအဝင် ဥပဒေများ၊
အဖွဲ့အစည်းများအား ပြင်ဆင် ပြောင်းလဲခြင်း (Institution Reform) လုပ်ငန်းတို့အားဆောင်ရွက်ကြသည်။