၂၀၂၃ ခုနှစ်၊ ဇူလိုင် (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇူလိုင်လ (၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ (၃)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့ ကြသည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း အသက်မပြည့်သေးသော ကလေး (၄)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရ ရှိခဲ့သည်။ မကွေးတိုင်းဒေသကြီး နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းမည်ဟုဆိုကာ စစ်အာဏာရှင်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားထဲမှ ၅ဦးကို ပစ်သတ်ခဲ့ပြီးကြောင်း အကျဉ်းဦးစီးဌာနက မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။ ရန်ကုန်တွင် လီလီကျော်နိုင်ကို ပစ်သတ်သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသော လူငယ် ၂ဦးကိုလည်း စစ်အာဏာရှင်တပ်များက စစ်ကြောရေးတွင်

ပစ်သတ်ခဲ့သည်။