၂၀၂၃ ခုနှစ်၊ ဇူလိုင် (၁)ရက်မှ (၇)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇွဇူလိုင်(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၁၀၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ် မှုကြောင့် တပတ်အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှ ပြည်သူ (၁)ဦးမှာ မီးရှို့ သတ်ဖြတ်ခံခဲ့ရသည်။ ဇူလိုင်လ (၆)ရက်နေ့တွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် ပစ်သတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ(၇)ဦးကို သေဆုံးခဲ့ပြီး ပြည်သူ (၆)ဦးကလည်း ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး လက်နက်ငယ်တို့နှင့် ပစ်ခတ်မှုကြောင့် ကလေးငယ် (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရ ရှိခဲ့သည်။

စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူပေါင်း (၃၀)ကျော်ကို ဖမ်းဆီးခဲ့သည်။ ရန်ကုန်နှင့် မန္တလေးမှ လူငယ်များက Facebook တွင် အလုပ်ရမည်ဟု ကြော်ငြာထားသဖြင့်သွားရောက် လျှောက်ထားရာ စစ်အာဏာရှင်တပ်ထဲသို့ အတင်းအဓမ္မ ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။