စစ်အာဏာရှင်စနစ်ကို မီးရှို့သင်္ဂြိုလ်ရမည့်အချိန်ဖြစ်သည်။ မြန်မာစစ်တပ်သည် ပြည်သူတို့အား ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်၍ မီးရှို့ခြင်း၊ မြေလှန်အမြစ်ပြုတ်ချေမှုန်းရေးတို့ကို စနစ်တကျ ကျူးလွန်နေသည်။ ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးရှောင် စခန်းများအပါအဝင် အိမ်ခြေထောင်ပေါင်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လောင်ကျွမ်းသွားသော မိမိတို့၏ နေအိမ်များအား ရွာသားများသည် ထိတ်လန့်စွာဖြင့် စောင့်ကြည့်နေခဲ့ရသည်။