စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဘယ်လို ပြောင်းလဲသွားလဲ။ လူသားဆန်တဲ့ သတင်းစာပညာရဲ့ ရပ်တည်မှု မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဘယ်လောက်အထိအရေးပါသလဲ။ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ စံနှုန်းဖြစ်တဲ့ လူ့အခွင့်အရေးသတင်းစာပညာဆိုတာ ဘာလဲ။
အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ-အမေရိကန်သတင်းသမား နေသန်မောင်ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုနေသန်မောင်ဟာ စစ်တပ်ရဲ့ အပြင်းအထန်ညှင်းပန်းနှိပ်စက်မှုခံခဲ့ရပြီး အင်းစိန်ထောင်မှာ သုံးလ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာသူဖြစ်ပါတယ်။