ကွန်ရက်၏အဖွဲ့ဝင် (၁၂) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အ‌ရေးမှတ်တမ်းကွန်ရက် (မြန်မာ နိုင်ငံ) သည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည်သို့‌သော ဒုက္ခဝေဒနာများ ခံစား ‌နေရပုံအ‌ကြောင်း အဖြစ်မှန်အမှန်တရားကို စု‌ပေါင်းအသုံးပြုကာ၊ စည်း�ုံးတိုက်တွန်း တင်ပြ ခြင်းနည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စု‌ပေါင်းစိန်‌ခေါ်ရန် ကြိုးစား‌နေကြပါသည်။ ထို့ အပြင် နိုင်ငံ‌ရေး အသွင်ကူး‌ပြောင်း‌ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိ‌သော လုပ် ‌ဆောင်ချက်အစီအစဉ်များ အတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် ကြိုးစား‌နေပါသည်။

တင်းတင်းကျပ်ကျပ်ဖိနှိပ်ချုပ်ချ
ယ်၊ ‌ထောင်သွင်းအကျဉ်းချ၊ နှိပ်စက်ည�ဉ်းပမ်းခံရမည့် အ‌ခြေအ‌နေ နှင့် အန္တရာယ်များ ရှိ‌နေ‌သော်ငြားလည်း လူ့အခွင့်အ‌ရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) အပါ အဝင် လူ့အခွင့်အ‌ရေးအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသား အင်အားစု များနှင့် သတင်းနှင့်စာနယ်ဇင်း အင်အားစုများပါမကျန် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု မှတ်တမ်း များအား စု‌ဆောင်း‌ကောက်ယူနိုင်ခဲ့ကြပါသည်။ လူ့အခွင့်အ‌ရေးအဖွဲ့ တစ်ခုအ‌နေဖြင့် ကွန်ရက် သည် ‌ရွေး‌ကောက်ပွဲနှင့်ပတ်သက်သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု မှတ်တမ်းများအား အဓိက ထား‌ကောက်ယူခဲ့ပါသည်။ ယခု အစီရင်ခံစာထဲတွင် ထည့်သွင်း‌ဖော်ပြထားသည့် ‌ကောက်ယူ ရရှိသည့် ချိုး‌ဖောက်မှု‌တွေ့ရှိချက်များမှ ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်သည့် လူ့အခွင့်အ‌ရေးချိုး ‌ဖောက်မှုများသည် စစ်အစိုးရနှင့် လက်ကိုင်တုတ်များမှ စစ်ဆင်‌ရေး လုပ်ရာတွင်လည်း‌ကောင်း၊ ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ အ‌ကောင်အထည်‌ဖော်ရာတွင် လည်း‌ကောင်း၊ စစ်အစိုးရ၏ တရားမဝင်မှုအ‌ပေါ် ပြည်သူများမှ ဆန့်ကျင်ခြင်းကို ဖြိုခွင်းရာတွင်လည်း‌ကောင်း၊ ကျူးလွန်ခဲ့ သည့် ကျူးလွန်ဆဲဖြစ်သည့် လူ့အခွင့်အ‌ရေးချိုးဖာက်မှုများနှင့် အလားတူစွာ ဆက်လက်ဖြစ် ပွား‌နေ‌ကြောင်း ရှင်းလင်းစွာ ပြသ‌နေပါသည်။ ‌ရွေး‌ကောက်ပွဲ‌နေ့တွင် စစ်အစိုးရနှင့်လက်ကိုင် တုတ်များမှ ကျူးလွန်ခဲ့သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများသည် ပြင်းထန်ကြမ်းတမ်းမှုအတိုင်း အတာအရကြည့်လျှင် ၂ဝဝ၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲ၊ မြန်မာပြည် အ‌ရှေ့ဖက်ခြမ်းနယ်စွန် နယ်ဖျားရှိ တိုင်းရင်းသား‌ကျေးရွာများအား တိုက်ခိုက်ဖျက်ဆီးခြင်းနှင့် ၂ဝဝရ ‌ရွှေဝါ‌ရောင်‌တော် လှန်‌ရေးကာလ ရဟန်းသံဃာ‌တော်များ ရိုက်နှက်သတ်ဖြတ်ခံရခြင်းနှင့် တူညီနိုင်မည် မဟုတ် ပါ။ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်အုပ်ချုပ်ခြင်းကို ကျွမ်းကျင်သည့်မည်သည့် အာဏာရှင် အစိုးရမျိုး မဆို ၎င်းတို့လိုချင်သည့် ရလဒ်မျိုးရရန်အတွက် ‌ရွေး‌ကောက်ပွဲ‌နေ့တွင်ရုပ်ပျက်ဆင်းပျက် အ ကြမ်းဖက်မှုမျိုး ကျူးလွန်ရန် မလိုအပ်ပါ။ လိုချင်သည့် ‌ရွေး‌ကောက်ပွဲရလဒ် ရရန်အတွက် ပိုင် ပိုင်နိုင်နိုင် ထိန်းချုပ်လမ်းထွင်ထားပြီးသားဖြစ်ပါလိမ့်မည်။ နအဖစစ်အစိုးရအ‌နေဖြင့် ဖိနှိပ်ချုပ် ချယ်ကန့်သတ်မှုများနှင့်အတိပြီးသည့် ‌ရွေး‌ကောက်ပွဲဥပ‌ဒေများနှင့် ပြင်းထန်ကြမ်းတမ်းသည့် တားမြစ်မှုများ ထုတ်ပြန်ပြဌာန်းကာ လွတ်လပ်စွာစုရုံးခွင့်နှင့် ဖွင့်ဟ‌ဖော်ထုတ်ခွင့်တို့အား ချုပ် ကိုင်ထားသည့်အတွက် ‌ရွေး‌ကောက်ပွဲ‌နေ့တွင် အကြမ်းဖက်မှုများ ရုပ်ပျက်ဆင်းပျက် ကျူးလွန် ရန် မလိုအပ်‌တော့ပါ။

‌ရွေး‌ကောက်ပွဲ‌နေ့တွင် စစ်အစိုးရမှ‌ကျော‌ထောက်‌နောက်ခံပြုထားသည့် ပြည်‌ထောင်စုကြံ့ခိုင် ‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီဝင်များမှ မဲရုံများအတွင်း အခွင့်မရှိပဲဝင်‌ရောက်ကာ မဲ‌ပေးသည့် လုပ်ငန်း စဉ်အား စွက်ဖက်‌နှောက်ယှက်ခြင်း၊ မဲဆန္’ရှင်များအား ခြိမ်း‌ခြောက်အကြပ်ကိုင်ကာ ကြံ့ဖွံ့ပါ တီအား အတင်းအကျပ်မဲထည့်ခိုင်းခြင်း၊ သက်ကြီးရွယ်အိုများအား ကူညီသလိုနှင့်မလိမ့်တပတ် လုပ်ကာ ကြံ့ဖွံ့ပါတီအတွက်မဲများအဖြစ်သို့ ‌ပြောင်းလဲ‌စေခြင်းစသည့် မဲမသမာမှုများအား ကျူး လွန်ခဲ့ပါသည်။ ထို့အပြင် စစ်အစိုးရမှ ၎င်းတို့လက်ကိုင်တုတ်ပါတီအား မဲ‌ပေးမည်မဟုတ် ဟု ‌သေချာစွာယူဆသည့် တိုင်းရင်းသား‌ဒေသများတွင် ကြံ့ဖွံ့ပါတီဝင်များမှ ကြိုတင်မဲများ ပြင်ဆင် ထားကာ ၎င်းတို့ပါတီအသာစီးရ‌ရေးအတွက် မသမာမှုများ ကျူးလွန်ခဲ့ကြပါသည်။

‌ရွေး‌ကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြသည့် နိုင်ငံ‌ရေးပါတီများမှ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော် မရှင်ထံ လိပ်မူကာ ‌ရွေး‌ကောက်ပွဲကြိုတင်မဲမသမာမှုများအား တိုင်ကြားမည်ဟု ‌စောဒကတက် ကြပါသည်။ အချို့ နိုင်ငံ‌ရေးပါတီများမှလည်း ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အား တရားစွဲရန်အထိ ပြင်ဆင်‌နေကြပါသည်။

ယခုအစီရင်ခံစာထဲတွင် ထည့်သွင်း‌ဖော်ပြထားသည့်‌တွေ့ရှိချက်များမှ မြန်မာနိုင်ငံတွင် နိုဝင်ဘာ လ ရ ရက်‌နေ့တွင် ကျင်းပခဲ့သည့် ‌ရွေး‌ကောက်ပွဲများသည် လွတ်လပ်ပြီးတရားမျှတသည့်‌ရွေး ‌ကောက်ပွဲများတွင်ရှိရမည့် အ‌ခြေခံစံနှုန်းများနှင့် မည်သို့မျှ ကိုက်ညီမှုမရှိ‌ကြောင်း ‌ဖော်ပြ‌နေပါ သည်။ ကြံ့ဖွံ့ပါတီမှ မဲမသမာမှုများ၊ ကြိုတင်မဲများ၊ အလွဲသုံးစားပြုမှုများနှင့် အခြား‌သော ခြိမ်း‌ခြောက်အကျပ်ကိုင်အနိုင်ကျင့်မှုများ အသုံးပြုကာ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ယူခဲ့ပါသည်။

‌ရွေး‌ကောက်ပွဲလုပ်ငန်းစဉ်တ‌လျှောက်လုံး ခြိမ်း‌ခြောက်အကျပ်ကိုင်အနိုင်ကျင့်မှု၊ အကြမ်းဖက်မှု၊ မဲမသမာမှု၊ မဲခိုးမှု၊ မဲလိမ်မှုနှင့် မဲ‌ရေတွက်ရာတွင် မသမာမှု‌ပေါင်းများစွာ ဖြစ်ပွားခဲ့ပါသည်။ ထို့ အပြင် ‌ရွေး‌ကောက်ပွဲ‌လေ့လာသူများအား ပိတ်ပင်တားမြစ်ခြင်း၊ သ‌ဘောထားကွဲပြားမှုနှင့် ‌စော ဒကတက်မှုများအား ဥ‌ပေက္ခာပြုခြင်း၊ နိုင်ငံ‌တော်ဘဏ္ဍာနှင့် နိုင်ငံပိုင်ပစ္စည်းများအား အလွဲသုံး စားပြုခြင်း၊ နိုင်ငံတကာအသိအမှတ်ပြု ‌ရွေး‌ကောက်ပွဲစံနှုန်းများအား လိုက်နာမှုမရှိခြင်း၊ မတိ ကျ မ‌ရေရာ‌သော မဲ‌ပေးခွင့်ရှိသူစာရင်းများအား ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ခဲ့ခြင်း၊ တရားမဝင် မဲဆွယ်ခြင်းနှင့် ‌ရွေး‌ကောက်ပွဲ ဆိုင်ရာ သတင်းများအား ရယူထုတ်ပြန်ခြင်းမရှိ‌စေရန် မီဒီယာ အား ပိတ်ပင်ထားခြင်းများ တပြည်လုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ပါသည်။

အခြား လူ့အခွင့်အ‌ရေးအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးအဖွဲ့အစည်းများနှင့် မီဒီယာအစုအဖွဲ့များမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ များနှင့်အတူ ယခုအစီရင်ခံစာသည်လည်း တရားမမျှတမှုအား လှစ်ဟရန်၊ အမှန်တရားအား ထုတ်‌ဖော်ရန်နှင့် မတရားသည့် အုပ်ချုပ်‌ရေးအား အံတုရန်ကြိုး ပမ်း‌နေသည့် မြန်မာပြည်သူတရပ်လုံး၏ အသံများအား ကမ္ဘာအနှံ့မှ ကြားသိ‌စေရန် မြှင့်တင်‌ပေး နိုင်မည်ဟု ‌မျှော်လင့်ပါသည်။

Download