ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ယနေ့ ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ လူ့အခွင့်အရေး မှတ်တမ်းပြန် လည် သုံးသပ်သည့် ညီလာခံ၌ မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှု မရှိကြောင်း ကာကွယ် ပြောကြားသွားသည်။

အဆိုပါ ညီလာခံတွင် အင်္ဂလန်၊ ပြင်သစ်နှင့် အနောက်နိုင်ငံများက မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန်၊ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရပ်တန့်ရန်၊ နိုင်ငံရေး အကျဉ်းသားများကို အကျဉ်းထောင်များတွင် ညှင်းပန်းနှိပ်စက်မှုများ ရပ်ရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း သတင်းများ၌ ဖော်ပြထားသည်။

သို့ရာတွင် မြန်မာ နိုင်ငံ၏ ဒုတိယ ရှေ့နေချုပ် ဒေါက်တာ ထွန်းရှင် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့က မြန်မာနိုင်ငံ သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျုးလွန်ခဲ့ခြင်းမရှိကြောင်း၊ သတင်းစာလွတ်လပ်ခွင့်များကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့
ကြောင်း ကာကွယ် ပြောကြားခဲ့သည်။

source by : irrawaddy