(BBC) ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းရဲ က ဒဂုံအရှေ့ပိုင်း၆၁ ရပ်ကွက်နေ မျိုးမြင့်ဦး ဆိုတဲ့ လူငယ်တဦး ကို လုယက်မှု မသင်္ကာမှု နဲ့ ဖမ်းဆီးရာမှာ ဒေသခံ အာဏာပိုင် မပါပဲ ဖမ်းဆီး သလို စစ်ဆေးရာမှာလည်း၊ အမှုပေါ်အောင် ဆိုပြီး မတရားနှိပ်စက်တဲ့ အကြောင်း၊ မိခင် ဖြစ်သူက ဘီဘီစီ ကို ပြောပြပါတယ်။

မျိုးမြင့်ဦးဟာ ရပ်ကွက်ထဲမှာ ကွမ်းရွက်အရောင်းအဝယ် လုပ်သူဖြစ်ပါတယ်။ အရင်ကလဲ ကွမ်းရွက်ညှပ် ကပ်ကြေး ကိုင်ဆောင်မှု နဲ့ ရဲက ဖမ်းဖူးပါတယ်။ ဒိအပြင် ရာဇဝတ် ပြစ်မှု ရယ်လို့ ကျူးလွန်ခဲ့ ဖူးခြင်းလဲ မရှိခဲ့ ကြောင်းလဲ မိခင်က ပြောပါတယ်။

သူ့ကို စစ်ဆေးရာမှာ အကြမ်းဖက် ရိုက်နှက်ခြင်း ပြုတဲ့ အတွက်ကြောင့်၊ မိခင်က လာရောက်တွေ့ရာ မှာ ထမင်းပင် မစားနိုင်အောင် ဒဏ်ရာတွေ ပြင်းထန်ပုံ ကို မိခင်က ဘီဘီစီ ကို ပြောပြပါတယ်။

မတရား နှိပ်စက် စစ်ဆေးပေမဲ့ အပြစ်မရှိကြောင်း သိရာမှာ ပြန်လွတ်ပေးလို ပေမဲ့ ဒဏ်ရာတွေက မြင်မကောင်းတဲ့ အတွက်၊ စခန်းမှူးက ဆေးကုသ ပေးပါတယ်။ ရဲက အခုလို စစ်ဆေးခြင်းဟာ အပြစ်မရှိဘူး လို့ ပြောကြောင်းလဲ သိရပါတယ်။