နော်ရင်း
၂၃ ဒီဇင်ဘာ ၂၀၁၀
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း အမျိုးသမီးနှစ်ဦး ပြီးခဲ့တဲ့ရက်ပိုင်းက အဓမ္မပြုကျင့် သတ်ဖြတ်ခံရပါတယ်။
အဓမ္မပြုကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးနှစ်ဦးရဲ့အလောင်းကို ကရင်ပြည်နယ် မြဝတီတောင်ဘက်ေဝါ်လေဒေသမှာ မနေ့က ပြန်တွေ့တာဖြစ်ပါတယ်။

အဲဒီ့သတ်ဖြတ်ခံရတဲ့ အမျိုးသမီးနှစ်ဦးကတော့ေဝါ်လေရွာမှတ် ၂ ရပ်ကွက်မှာနေတဲ့ အသက် ၁၆ နှစ်အရွယ် ကရင်အမျိုးသမီး နော်ရမူးထူးနဲ့ အူကေထရွာက ဆယ်ကျော်သက်ရွယ် အမျိုးသမီးတဦးဖြစ်တယ်လို့ ဒေသခံတဦးကပြောပါတယ်။
အသက်ခံရတာကတော့ သုံးလေးရက်လောက်ရှိပြီ၊ ဒါပေမယ့် သူတို့အလောင်းတွေကိုတော့ မနေ့ကမှ ပြန်တွေ့ရတာ။ ရမူးထူးကတော့ေဝါ်လေရပ်ကွက် ၂ မှာနေတာ။ နောက်တယောက်က သူ့အလောင်းကိုတွေ့ပေမယ့် ခနာကိုယ်ပဲပြန်တွေ့တယ်၊ ခေါင်းကိုတော့မတွေ့ရတော့ဘူး လို့ပြောပါတယ်။
ဒီဒေသမှာ လှုပ်ရှားနေတဲ့ ဒီကေဘီအေတပ်ဖွဲ့ဝင်တဦးကလည်း အခုလိုပြောပါတယ်။
လက်ရှေိဝါ်လေကျေးရွာမှာ နေထိုင်တဲ့ နအဖဗျူဟာက ၄၀၁၊ တပ်ရင်းစစ်ကြောင်း ၁ က ဒုဗိုလ်မှူးကြီး ကျော်လွင်ဌေးက အမျိုးသမီးနှစ်ယောက်ကို မုဒိမ်းကျင့်ပြီးတော့ တယောက်ကို လည်ပင်းဖြတ်လိုက်တာ မွန်လူမျိုးတယောက် ကရင်လူမျိုးတယောက် မွန်လူမျိုးတယောက်က ခေါင်းပါဖြတ်လိုက်တယ်။ နောက်တယောက်က အသက် ၁၆ နှစ် ကရင်လူမျိုးပဲ စာသင်ကျောင်းနားမှာဖြစ်တာ။ ဘယ်နေ့ကဖြစ်တယ်ဆိုတာတော့မသိဘူး။ သုံးလေးရက်လောက်ရှိပြီလို့ထင်တယ်။
ဒါပေမယ့် ကျုးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ နအဖ စစ်တပ်ဘက်ကိုတော့ ဆက်သွယ်လို့မရခဲ့ပါဘူး။
ကရင်အမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး နန်းဒါးအယ်ကလယ် ကတော့ အရင်တုန်းကလည်းဖြစ်နေတယ်၊ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဒီနယ်စပ်မှာ တိုက်ပွဲဖြစ်တဲ့အပေါ်မှာလည်း အမျိုးသမီးတွေလုံခြုံရေးအတွက် အများကြီးစိုးရိမ်တယ်။
နအဖဘက်က ဒီလိုမျိုး တိုင်းရင်းသားဒေသတွေကို ထိုးစစ်ဆင်နေမယ်ဆိုရင် မုဒိမ်းမှုတွေ၊ သတ်ဖြတ်မှုတွေက ဆက်ပြီးဖြစ်ပေါ်နေဦးမှာကို ကျမတို့ သံသယမရှိဘူး။ နအဖစစ်တပ်တွေက ကျုးလွန်တာဖြစ်တော့ ကျမတို့ ရွာသားအချင်းချင်းအဲလိုမျိုးဖြစ်တာကတော့ မကြားလိုဘူး။ အဖြစ်များတာက နအဖစစ်တပ်က အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့သတင်းတွေပဲ ကျမတို့အများကြီးရတယ်။

source by : DVB