ထုတ်ပြန်ကြေငြာချက်
၂၀ရက်နေ့၊ ဒီဇင်ဘာလ၊ ၂၀၁၀ခုနှစ်

ပလောင်အမျိုးသမီးအစည်းအရုံးသည် တတိယအကြိမ်မြောက်ညီလာခံအား ထိုင်း-မြန်မာနယ်စပ်လွတ် မြောက်နယ်မြေတစ်နေရာတွင် ၂၀၁၀ခုနှစ် ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ ၃ရက်သာ ပြုလုပ်ကျင်းပခဲ့ပါသည်။

ညီလာခံသို့ ပလောင်အမျိုးသမီး အစည်းအရုံးမှ ကိုယ်စားလှယ်ဦးရေ (၃၄) ဦးနှင့် တအာင်း ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ လေ့လာသူ (၃)ဦးဖြင့် စုစုပေါင်း (၃၇) ဦး တက်ရောက်ခဲ့သည်။ ညီလာခံ ကိုယ်စားလှယ်များမှ ညီလာခံအတွင်း ၂၀၀၉-၂၀၁၀ ခုနှစ် လုပ်ငန်းစဉ်များ၊ ဌာနများနှင့် လုပ်ငန်းစီမံချက်များ၏အစီရင်ခံစာများ၊ ဘဏ္ဌာရေး အစီရင်ခံစာများအား တင်သွင်းအတည်ပြုခြင်းနှင့် လုပ်ငန်းစဉ်များ အပေါ်ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ပလောင်အမျိုးသမီး အစည်းအရုံး၏ မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်း၊ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း ဥပဒေနှင့် စံတန်ဖိုးများ ပြင်ဆင်ဖြည့်စွက် အတည်ပြုခြင်းအပြင် ပလောင် အမျိုးသမီး အစည်းအရုံး၏ လုပ်ငန်းစဉ်များ ပိုမိုအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေး အကြံပြုခဲ့ကြသည်။

ပလောင် အမျိုးသမီး အစည်းအရုံး ၂၀၀၀ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး အမျိုးသမီးများ၏ ဘဝအဆင့်အတန်း တိုးတက်မြှင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံရေး အခန်း ကဏ္ဍအသီးသီးတွင် ပါဝင်လာစေရေးအတွက် ဆောင်ရွက်သွားရန်၊ ပလောင် အမျိုးသားရေးနှင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတိုင်းတွင် အမျိုးသမီးခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာရေးအတွက်လည်းကောင်း၊ အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မများအားလုံး ပပျောက်ရေးအတွက် တက်ကြွစွာ လပ်ရှားဆောင်ရွက်သွားရန်၊ ပလောင် ပြည်သူလူထုများ၊ ကျန်းမာရေး၊ တိုးတက်လာစေရေး အတွက် စည်းရုံးလှုပ်ရှား ဆောင်ရွက်သွားရန်၊ ပလောင်ဒေသတွင်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေများအား မြန်မာ ပြည်သူလူထုများ၊ ဒေသဆိုင်ရာ အစိုးရနှင့် နိုင်ငံတကာ အစိုးရများမှသိရှိပြီး တုန့်ပြန်ဆောင်ရွက်သွားရန်၊ ပလောင်စာပေနှင့် ယဉ်ကျေးမကို ထိန်းသိမ်း မြှင့်တင်သွားရန်၊ တရားမျှတမ၊ ကျားမတန်းတူမနှင့် ငြိမ်းချမ်းမရှိပြီး ဒီမိုကရေစီ ထွန်းကားသော လူ့ဘောင်အဖွဲ့ အစည်းသို့ ရှေ့ရ၍စည်းရုံးလပ်ရှား ဆောင်ရွက်ပေးနေသည့် ပလောင် အမျိုးသမီးများဖြစ်သည်။

ထို့အတူ နအဖစစ်အုပ်စုမှ နိုဝင်ဘာလ (၇)ရက်နေ့တွင်ပြုလုပ်မည့် အတုအယောင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် ရွေးကောက်ပွဲရလာဒ်အား အသိအမှတ်မပြုကြရန် ပလောင်ပြည်သူလူထုတစ်ရပ်လုံး အပါအဝင် မြန်မာပြည်သူလူထု တစ်ရပ်လုံးအား ပလောင်အမျိုးသမီးအစည်းအရုံးမှ အလေးအနက် တိုက်တွန်းနိးဆော်အပ် ပါသည်။

ပလောင်အမျိုးသမီးအစည်းအရုံး၏ ၂၀၁၁-၂၀၁၂သက်တမ်းကာလ လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ညီလာခံမှ အလုပ်အမဆောင်ကော်မတီ (၉)ဦးနှင့် အတွင်းရေးမှူးအဖွဲ့ဝင် (၃) ဦးအား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခဲ့ပါသည်။ ထို့အပြင် အကြံပေး အဖွဲ့များကိုလည်းဖွဲ့စည်းခဲ့သည်။

ပလောင်အမျိုးသမီး အစည်းအရုံး
ဒီဇင်ဘာလ၊ ၂၀ ရက်၊ ၂၀၁၀ ခုနှစ်

ဆက်သွယ်ရန်
လိုည်းနွေနှောင်း – အထွေထွေအတွင်းရေးမှူး-ဝ၈၂ ၁၆၄ ၈၁၁၅
လိုည်းပိုးဖေင်း –  တဲဖွ က်အထွေထွေအတွင်းရေးမှူး (၁)- ဝ၈၅ ၆၀၅ ၆၀၄၁
လိုည်းဆဲင်ဘ္လေား – တဲဖွ က်အထွေထွေအတွင်းရေးမှူး (၂)-ဝ၈၅ ၆၀၅ ၇၃၁၈