ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူ့အခွင့်အရေးတိုးတက်ဖို့ အာဏာရှင် အစိုးရများကို ဖိအားပေးဖို့ လိုအပ်
(RFA) လက်ရှိ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ပြောင်းလဲလာဖို့ ဆိုရင် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာရှင် အစိုးရတွေကို ထိရောက်တဲ့ ဖိအားတွေ ပေးကြဖို့ လိုအပ်တယ်လို့ ဇန်နဝါရီ ၂၄ ရက် မနေ့က ထုတ်ပြန်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ (HRW) ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာက တိုက်တွန်းလိုက်ပါတယ်။ Read more
စစ်ကြောရေးမှာ စိတ်ကြွဆေးသုံးမှုများ စုံစမ်းရေး အာရှ လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
(RFA) နိုင်ငံရေးမှုနဲ့ ဖမ်းထားသူတွေကို စစ်အစိုးရက စစ်ဆေး မေးမြန်းချိန်မှာ မူးယစ်ဆေးဝါး လျှို့ဝှက် တိုက်ပြီး ဖွင့်ဟ ဝန်ခံခိုင်းသလို၊ အဲဒီဝန်ခံချက်ကို တရားရုံးတင် အမိန့်ချတယ်ဆိုတဲ့ တိုင်ကြားချက်တွေနဲ့ ပတ်သက်ပြီး ICRC အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ဝင်ရောက်စစ်ဆေးဖို့ AHRC အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ Read more
ရွာသားတွေကို စစ်တပ်က အနိုင်ကျင့်
(RFA) စစ်ကိုင်းတိုင်း ကသာမြို့နယ် လေဘိုရွာမှာ ရွာသားတွေရဲ့ ရွှေကျင်လုပ်ငန်းသုံး စက်တွေကို စစ်အစိုးရတပ် တခုက ဝင်ရောက်သိမ်းဆည်းပြီး တဲတွေလည်း မီးရှို့သွားတယ်လို့ သိရပါတယ်။ Read more
လုယက်မှုနဲ့ မသင်္ကာသူ ကို ရဲ က နှိပ်စက်
(BBC) ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်းရဲ က ဒဂုံအရှေ့ပိုင်း၆၁ ရပ်ကွက်နေ မျိုးမြင့်ဦး ဆိုတဲ့ လူငယ်တဦး ကို လုယက်မှု မသင်္ကာမှု နဲ့ ဖမ်းဆီးရာမှာ ဒေသခံ အာဏာပိုင် မပါပဲ ဖမ်းဆီး သလို စစ်ဆေးရာမှာလည်း၊ အမှုပေါ်အောင် ဆိုပြီး မတရားနှိပ်စက်တဲ့ အကြောင်း၊ မိခင် ဖြစ်သူက ဘီဘီစီ ကို ပြောပြပါတယ်။ Read more
ကလေးစစ်သား ပျောက်ဆုံးနေ
(BBC) မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ ဆင်ရွာမြင်းမူး အရပ်က မောင်ကျော်ရဲအောင် ဆိုတဲ့ အသက်မပြည့်သေးတဲ့ ကလေးကို ဇန္နဝါရီလ ၁၉ ရက်နေ့ က ခလရ ၁၄ က တပ်ကြပ်တဦးက တပ်ပြေးဆိုပြီး ဖမ်းဆီးသွားပါတယ်။ Read more
အရှေ့အာရှ အစိုးရတွေ ပြင်ပဖိအားပေးမှု လက်မခံ၊ HRW ဝေဖန်
(VOA) အာရှအစိုးရ အတော်များများဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကာကွယ်ဖို့ ပြင်ပက ဖိအားပေးတာမျိုးတွေကို လက်မခံကြဘူးလို့ နောက်ဆုံးထုတ်ဝေတဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ Read more