ILO နဲ့ ပတ်သက်ခဲ့ပြီး ထောင်ချခံရသူတွေ အယူခံရပြီ
(BBC) ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ ကိုသူတို့ လယ်တွေ အသိမ်းခံ ရကြောင်း တိုင်ကြားခဲ့ပြီးနောက် ILO ရဲ့ ကြားဝင် ဆောင်ရွက်ချက် ကြောင့် လယ်တွေပြန် ရပြီးမှတခါ လယ်တွေကို ဒေသခံ အာဏာပိုင် တွေက တခြားသူ ကို လက်လွှဲ ပေးလို့ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် တွေစီရင် ခံခဲ့ရတဲ့ အောင်လံ မြို့နယ် စမ်းကလေးရွာ က တောင်သူ ၁၁ ဦး တို့ အယူခံ ခဲ့တာ အခုတော့ အနိုင်ရသွားပါပြီ။