အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်ခြင်း
မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေ အနှစ်ချုပ်
၂၀၂၅ ခုနှစ် ဇူလိုင်လ မှ ဒီဇင်ဘာလအထိ
ဤအစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ ND-Burma ၏ အဖွဲ့ဝင်များနှင့် ဆက်စပ် အဖွဲ့အစည်းများမှ မှတ်တမ်းတင်ထားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြ ထားသည်။ အချက်အလက်များသည် စစ်တပ်မှ ကျူးလွန်နေသော မငြင်းနိုင်သည့် မတရားမှုများကို ထင်ရှားစွာ ပြသနေပြီး ထိုအခြေအနေများအပေါ် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းမှ ခိုင်မာသော တုံ့ပြန် ဆောင်ရွက်မှု လိုအပ်နေကြောင်းကိုလည်း ပြသနေသည်။
မြန်မာစစ်တပ်၊ စစ်တပ်ကထောက်ခံပံ့ပိုးထားသော ပြည်သူ့စစ်များ၊ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDFs) မှ ကျူးလွန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ND-Burma အနေဖြင့် မှတ်တမ်းတင်ရာတွင် ဖြစ်ရပ်လေ့လာ မှုများ၊ တွေ့ဆုံ မေးမြန်းမှုများနှင့် မျက်မြင်သက်သေထွက်ဆိုချက်များကို အသုံးပြုပါသည်။ မှတ် တမ်းတင်ထားသော ရာဇဝတ်မှုအများစုအတွက် စစ်တပ်က တာဝန်ရှိနေသည်။ အစီရင်ခံသည့် ကာ လအတွင်း မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ပိုမိုများပြားလာနေ ကြောင်း ND-Burma မှ တွေ့ရှိခဲ့သည်။ ပဋိပက္ခအခြေအနေ ပိုမိုပြင်းထန်လာနေသည့်အချိန်တွင်ပင် ကွန်ရက်အဖွဲ့ဝင်များသည် ဒေသခံလူမှုအ သိုင်းအဝိုင်းနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ လူ့အခွင့် အရေးအခြေအနေများကို ဆက်လက်စောင့်ကြည့်လေ့လာ မှတ်တမ်းတင်နေသည်။






