ထုတ်ပြန်ကြေငြာချက်
မတ်လ ၈ ရက်၊ ၂ဝ၁ဝ ခုနှစ်

၂၀၁၀ ခုနှစ် မတ်လ ၈ နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော အကျဉ်းချုပ်အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသမီး နိုင်ငံရေး အကျဉ်းသားများဟာ မြန်မာပြည်တနံတလျား လူမှုအလွှာ အသီးသီးမှဖြစ်ကြပြီး သူတို့ရဲ့နိုင်ငံရေး ယုံကြည်ချက်များကြောင့် ထောင်သွင်းအကျဉ်းချ ခံရသူများဖြစ်ကြောင်းကို အကျဉ်းချုပ်အစီရင်ခံစာက ဖော်ပြထားပါတယ်။ အကျဉ်းထောင်အသီးသီးရှိ အမျိုးသမီးနိုင်ငံရေး အကျဉ်းသားများမှာ အသက်၂၁ နှစ် အရွယ်မှ အသက် ၆၈ အရွယ်အထိ အသက်အရွယ် အမျိုးမျိုး ပါဝင်ကြပါတယ်။

အကျဉ်းချုပ် အစီရင်ခံစာက အကျဉ်းထောင်အတွင်းမှာ ၁၁ နှစ်ကြာအောင်နေခဲ့ရပြီး ကျန်းမာရေး ပြုစုစောင့်ရှောက်မှုရရှိဖို့ အခက်အခဲ မျိုးစုံကို တွေ့ကြုံရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ အတွေ့အကြုံကိုလည်း ဖော်ပြထားပါတယ်။

အေအေပီပီရဲ့ စာရင်းဇယားများအရ မြန်မာပြည်ထောင်တွေထဲမှာ လက်ရှိအမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁၇၇ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ရဲ့ခင်ပွန်းတွေ သားသမီးတွေ၊ မိဖတွေနဲ့ ခွဲခွာခံထားရသူများ ဖြစ်ကြပါတယ်။ ကျန်းမာရေး အရစိုးရိမ်ရတဲ့ အခြေအနေရှိတဲ့ အမျိုးသမီးနိုင်ငံရေး အကျဉ်းသား သုံးယောက် အကြောင်းကို တင်ပြထားပြီး ပိုမိုသင့်တော်ကောင်းမွန်တဲ့ ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်တခု ဖန်တီးပေးနိုင်ဖို့ အေအေပီပီက တောင်းဆိုထားတဲ့အကြောင်း အစီရင်ခံစာက ဆက်လက်ဖော်ပြ ထားပါတယ်။

အေအေပီပီ အတွင်းရေးမှူးဖြစ်သူ ကိုတိတ်နိုင်က “ဒီအမျိုးသမီးတွေက အနာဂါတ် မြန်မာနိုင်ငံအတွက် အားကိုအားထားပြုရမယ့် ကြီးမားတဲ့ အင်အားတွေ ဖြစ်ကြတယ်။ သူတို့ကို သိက္ခါရှိရှိ လေးလေးစားစားဆက်ဆံပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့လိုပါတယ်။”

အမျိုးသမီး နိုင်ငံရေးလှုပ်ရှားသူများဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ အမျိုးသမီးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ တတပ်တအား ပါဝင်ဆောင်ရွက်ကြ သူများဖြစ်ကြပါတယ်။ ဒါ့အပြင် သူတို့က တန်ဖိုးဖြတ်မရနိုင်တဲ့ ပူးပေါင်းပါဝင်မှုတွေ ဆက်လက်လုပ်ဆောင်ကြမယ့် သူများဖြစ်ကြလို့ အနာဂတ် မြန်မာနိုင်ငံအတွက် သူတို့ရဲ့ စွမ်းဆောင်မှု တွေကို အထူး လိုအပ်ပါတယ်။

အေအေပီပီမှ ၂ဝ၁ဝ ရွေးကောက်ပွဲ အကြိုအဖြစ် မဖြစ်မနေလုပ်ဖို့လိုအပ်တဲ့ နိုင်ငံရေးအကျဉ်းသား အားလုံး အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် တလျှောက် သူတို့တွေပါဝင်နိုင်ရေးအတွက် တောင်းဆိုထားပါတယ်။

[အစီရင်ခံစာရယူရန်]

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန် –
ကိုတိတ်နိုင် ၆၆(ဝ)၈၁ ၂၈၇၈၇၅၁
ကိုဘိုကြည် ၆၆(ဝ)၈၁ ၃၂၄ ၈၉၃၅