၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဖေဖော်ဝါရီ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှု ကြောင့် ပြည်သူ (၁၀၀) ကျော်သေဆုံးခဲ့ရပြီး အသက်မပြည့်သေးသူများ အပါအဝင် အမျိုးသမီး (၄)ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံ ခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများက ပြည်သူ့စစ်မှုထမ်းဥပဒေသကို အကြောင်းပြကာ ပြည်သူများကို ဖမ်းဆီး၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးတောင်းခံခြင်းများ နေရာအနှံ့ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ခန့် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၆)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။