ရွှေဖီ​မြေ၊ စက်တင်ဘာ ၂၇ ရက်၊ လားရှိုး
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ (TSYU)ရဲ့ ရုံးဝန်ထမ်းတစ်ဦးနဲ့ တအာင်းပရဟိတ ပညာရေးဘော်ဒါဆောင် (TEC)မှ ကျောင်းဆရာ ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
စက်တင်ဘာ ၂၅ ရက် မနက် ၁၂ နာရီကျော်မှာ TSYU ရုံးဝန်ထမ်းဖြစ်သူ မိုင်းအောင်သက်ဦးနဲ့ TEC ဘော်ဒါဆောင်မှ ကျောင်းဆရာ မိုင်းနိုင်ဝင်း၊ မိုင်းညီလွယ်၊ မိုင်းဘဦး၊ မိုင်းအောင်သန်းဌေး၊ မိုင်းကျော်ဝင်းတို့ ၅ ဦးကို ဖမ်းဆီးသွားတာပဲ ဖြစ်ပါတယ်။
မိုင်းအောင်သက်ဦးရဲ့ သူငယ်ချင်းတစ်ဦးက “သူတို့က အုတ်တံတိုင်းကျော်ပြီး ဝင်လာကြတာ။ အခန်းထဲ ဝင်လာပြီး သေနတ်နဲ့ချိန်တယ်။ မျက်နှာကို ပိတ်တယ်။ မလှုပ်နဲ့ ပြောပြီးတော့ မီးမဖွင့်ခိုင်းဘူးတဲ့။
ယောကျာ်းလေး ၅ ယောက်ကို အိမ်ရှေ့က သမံတလင်းမှာ ဝမ်းလျားမှောက်ခိုင်းထားတယ်။ မိန်းကလေးတစ်ယောက်ကိုတော့ ဒူးထောက်ခိုင်းတယ်။ အိမ်ထဲလည်း အကုန်ဝင်မွှေတယ်ပြောတယ်” လို့ ပြောပါတယ်။
May be an image of 2 people and people standing
“အောင်သက်ဦး ဘယ်သူလဲလို့မေးတော့ သူက ထူးလိုက်တာ။ အဲလိုနဲ့ အိမ်ထဲ သူ့ကို ခေါ်သွားပြီး မျက်နှာကို Mask နဲ့ အုပ်တယ်။ လက်ထိပ်ခတ်လိုက်တာတဲ့။ ကျန်တဲ့သူတွေက ပညာရေး လုပ်နေသူနဲ့ ဧည့်သည်တွေ နောက် သူတို့ရဲ့ ဖုန်းထဲ ဘာမှမတွေ့တော့ မဖမ်းဘူး။ အောင်သက်ဦးရဲ့ ကွန်ပြူတာထဲ ရုံးဝန်ထမ်းတွေ သတင်းအချက်လက်မျှဝေတာ၊ NUG ရဲ့ ပညာရေး အချက်လက်တွေ့တော့ သူ့ကိုပဲ ဖမ်းသွားတာ” ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။
May be an image of 1 person and glasses
ရပ်ကွက်(၁)နေ မိုင်းအောင်သက်ဦးကို လာဖမ်းစဥ်မှာ စစ်ကား အချုပ်ကားတွေနဲ့ အင်အား (၂၀)ကျော် ပါဝင်တဲ့ စစ်တပ်၊ ရဲဝတ်စုံ ဝတ်သူတွေအပါအဝင် အရပ်ဝတ်နဲ့ သေနတ်ကိုင်ဆောင်သူတွေဖြစ်ပြီး အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ မပါဝင်ကြောင်း ၎င်းက ဆိုပါတယ်။
May be an image of 1 person and indoor
၁၂ နာရီကျော်ကနေ ၃ နာရီကျော်အထိ မွှေနှောက်စစ်ဆေးခဲ့့ပြီးနောက် ဖုန်း ၂ လုံး၊ ကွန်ပျူတာ ၁ လုံး၊ Hard disk ၁ ခုနဲ့ Tablet ဖုန်း ၁ လုံးတို့ကို ယူဆောင်သွားကြောင်း သိရပါတယ်။
ရပ်ကွက် (၁၀)ရှိ TEC ဘော်ဒါဆောင်မှာ လာရောက်စဥ် ဘော်ဒါဆောင်ဝန်းထဲ နေထိုင်တဲ့ ကျောင်းဆရာ ၅ ဦးကို ဖမ်းဆီးသွားခဲ့့ပြီး မျက်မြင်သက်သေ မရှိတဲ့အတွက် အသေးစိတ် အချက်လက် မသိရသေးကြောင်း ဘော်ဒါဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
May be an image of 1 person, tree and outdoors
“ကား ၅ စီးနဲ့ ရောက်လာကြတယ်။ သိရသလောက်တော့ အုပ်ချုပ်ရေးမှူးတွေ မပါဘူး။ ဘော်ဒါကိုရောက်မှ သူတို့က အုပ်ချုပ်ရေးမှူးကို လှမ်းအသိပေးတာတဲ့။ ဘော်ဒါဆောင်ထဲက အခန်းတွေမှာလည်း အကုန် ဝင်ရှာသွားကြတာ”
ဘော်ဒါဆောင်ထဲရှိ ဆိုင်ကယ် ၃ စီးလည်း ပျောက်ဆုံးနေပြီး စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားခြင်း ဟုတ်မဟုတ်ဆိုတာကိုတော့ သေချာမသိရသေးကြောင်းနဲ့ အာဏာသိမ်းတဲ့ ကာလအတွင်း ယခုကဲ့သို့ ၂ ကြိမ် လာရောက်စစ်ဆေးခံရပြီး ဖမ်းဆီးမှု မရှိကြောင်း ၎င်းက ဆိုပါတယ်။
May be an image of 1 person and indoor
စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် မနေ့ စက်တင်ဘာ ၂၆ ရက်အထိ ၎င်းတို့ ၆ ဦးနဲ့ အဆက်သွယ် မရသေးကြောင်း သိရပါတယ်။