သတင်းထုတ်ပြန်ချက်
ဒီဇင်ဘာလ ၇၊ ၂၀၀၉ ခုနှစ်
အင်းစိန်ထောင်တွင်းတွင် ချုပ်နှောင်ထားသော ကိုညီညီအောင် (ခ) ကိုကျော်ဇောလွင်သည် အကျဉ်းထောင်တွင်း အကျဉ်းသားအခွင့်အရေးနှင့် လူ့အခွင့်အရေးတို့ဆုံးရှုံးနေမှုအပေါ် ပြီးခဲ့သည့် သောကြာ (ဒီဇင်ဘာ ၄ ရက်) မှစ၍ အစာငတ်ခံဆန္ဒပြနေကြောင်း သိရှိရသည်။

ကိုညီညီအောင်သည် ယခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ရန်ကုန်သို့ လေယာဉ်ဖြင့် သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေယာဉ်ကွင်းတွင် ဖမ်းဆီးခံရသူဖြစ်သည်။

ကိုညီညီအောင်သည် စစ်ကြောရေးကာလအတွင်း ညှင်းပန်းနှိပ်စက်မှု ပြင်းထန်စွာ ခံခဲ့ပြီး ဆေးကုသမှုလုံးဝမရ ခဲ့သူ ဖြစ်သည်။

ဆက်သွယ်ရန်-
ကိုတိတ်နိုင် +၆၆(ဝ)၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် + ၆၆(ဝ)၈၁ ၃၂၄ ၈၉၃၅