အမျိုးသားလွှတ်တော် ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီသည် ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် (၃၀.၁.၂၀၁၉) ရက်နေ့ (၁၁၃၀)နာရီအချိန်တွင် ရေးရာဆောင် အမှတ် (I-18) အစည်းအဝေးခန်းမ၌ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။


ယင်းသို့တွေ့ဆုံရာတွင် “ ဥပေက္ခာမပြုကောင်းသောဘဝများ အစီရင်ခံစာ စာအုပ် ” နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်တင်ဝင်း၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကျော်သန်း၊ ဦးကျော်ကျော်ဝင်း၊ ဒေါက်တာဝင်းမြင့်ချစ်၊ ဒေါ်အိအိပြုံး၊ ဦးညီစိန်၊ ဦးအောင်မျိုး၊ အတွင်းရေးမှူး ဒေါ်ခင်ဆွေလွင်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။