လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ထုတ်ဝေသော ယခုအစီရင်ခံစာသည် သမ္မတဦးသိန်းစိန်နှင့် သူ၏ အစိုးရ တာဝန်စယူခဲ့သော ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် မတ်လ အစိုးရသက်တမ်း တနှစ်အတွင်း ဖြစ်ပျက်ခဲ့သော လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသော အစီရင်ခံစာဖြစ်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ကာလအပိုင်းအခြားအလိုက်ထုတ်ဝေသော အစီရင်ခံစာများသည် နောက်ဆုံးရလူအခွင့်အရေးချိုးဖောက်မှု သတင်းအချက်အလက်များ၊ တိုင်းပြည်အတွင်းဖြစ်ပေါ်နေသော အရေးတကြီး ကိစ္စရပ်များနှင့် လားရာများကို ထောက်ပြထားသည်။ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၆ မျိုးတွင် အကျုံး ဝင်သော သတင်းအချက်အလက်များကို မြန်မာနိုင်ငံအဝှမ်း ပြည်နယ်နှင့်် တိုင်းဒေသကြီး ၁၄ ခုတွင် မှတ်တမ်းတင် ကောက်ယူခဲ့သည်။

ယခုအစီရင်ခံစာထုတ်ပြန်သည့်ကာလအတွင်း မြန်မာနိုင်ငံတွင် အရေးကြီးသော နိုင်ငံရေးဖြစ်ထွန်းမှုများ ပေါ်ပေါက်ခဲ့ သည်။ သမ္မတဦးသိန်းစိန်သည် နိုင်ငံရေးအကျဉ်းသားပေါင်းများစွာကို လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွှတ်ပေးခဲ့သည်။ သို့သော်လည်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၄၇၃ ဦးဆက်လက် အကျဉ်းကျခံရနေရဆဲဖြစ်ပြီး၊ နောက်ထပ် နိုင်ငံရေးအကျဉ်းသား ၄၆၅ ဦးအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို လောလောဆယ် ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် လွှတ်တော်အမတ် ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပခဲ့သည်။ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၃ နေရာတွင် အပြတ် အသတ်အနိုင်ရခဲ့သလို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမိုင်းတွင် ပထမဦးဆုံးအကြိမ်အဖြစ် တရားဝင် ရွေးချယ်ခံခဲ့ရသည်။ ရွေးကောက်ပွဲအား အောင်မြင်မှုတခုအဖြစ် နိုင်ငံတကာအသိုင်းအဝန်းက ချီးကျူးထောပနာပြုခဲ့ပြီး အကျိုးဆက်အဖြစ် ဥရောပသမဂ္ဂက ပိတ်ဆို့မှုများအား တနှစ် ယာယီရုပ်သိမ်းပေးရန် ဆုံးဖြတ်လိုက်သည့်အပြင် အင်္ဂလန်၊ နော်ဝေ၊ သြစတေးလျနှင့် အမေရိကန်ပြည်ထောင်စုတို့ကလည်း ဒဏ် ခတ် ပိတ်ဆို့မှုများ လျော့ပေါ့ပေးမည်ဟု အသီးသီး ထုတ်ပြန်ကြေငြာခဲ့ကြသည်။ သို့သော်လည်း ကနဦး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့် အခြေခံသတ်မှတ်ချက်များသည် မပြောင်းလဲ ယခင်အတိုင်းရှိနေဆဲဖြစ်သည့်အပြင် ပြုပြင် ပြောင်းလဲရေးအတွက် အစိုးရက ဆောင်ရွက်နေသော လုပ်ငန်းများသည် မရေမရာဖြစ်ပြီး ထိရောက်မှုနည်းနေသေးကာ စစ်မှန်သော အပြောင်းအလဲများဆီသို့ ဦးတည်မှု မရှိသေးသည်ကို တွေ့ရသည်။

Download