မြန်မာနိုင်ငံမှာ လူသားထု အပေါ် ကျူးလွန်ဖေါက်ဖျက်မှု နဲ့ စစ်ရာဇဝတ် ပြစ်မှု တွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပေးရေး ကို မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ထောက်ခံမှု ပြုလို့ ဒီကနေ့ ဂျီနီဗာ မှာ အခြေအတင် ဆွေးနွေးကြမှာပါ။

EKN ဥရောပ ရောက်ကရင်တိုင်းရင်းသားများ ကွန်ယက်အဖွဲ့ က ဘုတ်အဖွဲ့ဝင် နန့်ဘွားဘွားဖန်က Mr Quintana ရဲ့ ထောက်ခံမှု ကို လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လက်ခံစဉ်းစားပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့ပေးဖို့ တောင်းဆိုထားတဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ကရင်လူမျိုးတွေ အပြင် တခြားတိုင်းရင်းသား တွေအပေါ် မှာ ပါ မြန်မာအစိုးရ က ညှဉ်းပန်း နှိပ်စက်မှု၊ မုဒိန်းပြု ကျင့်တာ တွေ၊ သတ်ဖြတ်တာတွေ၊ ရွာပုန်းရွာရှောင် ဘ၀ ကျရောက်ရပုံ တွေ ကို နန့်ဘွားဘွားဖန် က ရှင်းပြပါတယ်။

ဒီကိစ္စရပ် တွေကို သက်သေခံဖို့ ယူကေရောက် ကရင်တိုင်းရင်းသား တွေအပြင် သူအပါအဝင် အများအပြား ရှိကြောင်း နန့်ဘွားဘွားဖန် က ဘီဘီစီ ကို ပြောပြပါသေးတယ်။