၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဇန်နဝါရီလ (၁)ရက်မှ (၇)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

စစ်အာဏာရှင်တပ်သား များ၏ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပတ်အတွင်း ပြည်သူ(၄၀)ကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ဒဏ်ရာရခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှ ဒေသခံပြည်သူ (၃၀)ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး‌ ခေါ်ဆောင်သွားခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး အကျဉ်းထောင်တွင် စစ်အာဏာရှင်လက်အောက်ခံ အကျဉ်းဦးစီး ဌာနရှိ အမျိုးသမီးဝန်ထမ်းက နိုင်ငံရေးအကျဉ်းသူများကို အာဏာပြ ခြိမ်းခြောက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်လျှက်ရှိသည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ခန့် သေဆုံးခဲ့ပြီး (၆၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး

ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၈)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သား များ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သား၏ အစုလိုက် ဖမ်းဆီး သတ်ဖြတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်မှ ပြည်သူ(၁၉)ဦး သေဆုံးခဲ့သည်။