လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မသွတ်သွင်းခံရခြင်း

(က) နိုင်ငံတကာဥပဒေအရ လိင်လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းတွင် မည်သည့် အင်္ဂါရပ်များ ပါဝင်သနည်း။

လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှု တခုအဖြစ် မှတ်တမ်း တင်နိုင်ရန်အတွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၄) ခု သက်သေထင်ရှားကြောင်း တင်ပြရပါမည်။

၁။ လိင်ဆက်ဆံမှုပုံစံတခုခု

၂။ အတင်းအကျပ် လုပ်ဆောင်ခြင်း သို့မဟုတ် အလိုမတူခြင်း

၃။ ငွေပေးခြင်း သို့မဟုတ် အလားတူပုံစံတမျိုးမျိုး

၄။ အစိုးရ၏ လုပ်ဆောင်ချက် တို့ ဖြစ်သည်။

() အလိုမတူမှု သို့မဟုတ် အတင်းအကျပ် ပြုလုပ်သော အခြေအနေများ ဥပမာများက အဘယ် နည်း။

အလိုမတူမှု သို့မဟုတ် အတင်းအကျပ်ပြုလုပ်သော အခြေအနေများဆိုသည်မှာ ကျူးလွန်ခံရသူ၏ လွတ် လပ်စွာ ရွေးချယ်ခွင့်များ ဖယ်ရှားခံရသော အခြေအနေများကို ဆိုလိုသည်။ ထိုအခြေအနေတွင်

– ခြိမ်းခြောက်ခြင်း

– အင်အားသုံးခြင်း

– နစ်နာစေသော အပြုအမူ ဆက်ဆံခံရမည်ဟု ခြိမ်းခြောက်ခြင်း၊ ဥပမာ- လိုအပ်သော ခံစားခွင့်ကို ငြင်း ပယ်ခံရမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် ဝန်ဆောင်မှု ရရှိမည့်အခွင့်အရေးကို ငြင်းပယ်ခံရမည်ဟု ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် ကိုယ်တိုင်သို့မဟုတ် အခြားသူများကို ထိခိုက်အန္တရာယ်ပြုမည်ဟု ခြိမ်း ခြောက်ခြင်း။

– ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု၊ ဥပမာ မသန်စွမ်းဖြစ်ခြင်း၊ အသက်အရ ကွာဟ မှုရှိခြင်း၊ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသုံးစွဲထားခြင်း၊ ဆေးသုံးစွဲထားခြင်း။

(ဂ) နိုင်ငံတကာဥပဒေလိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်း

လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းအား လိင်မှုဆိုင်ရာ အကြမ်းဖက် မှုပုံစံတခုအဖြစ် တားမြစ်ထားသည်။ ထို့ကြောင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုကို တားမြစ်ပိတ်ပင်ထား သော တရားဥပဒေဆိုင်ရာ သဘောတူချက်များက လိင်လုပ်ငန်းအတွင်းသို့ အတင်းအကျပ် သွတ်သွင်း ခြင်းကိုလည်း တားမြစ်ထားသည်။ သို့သော် အချို့သဘောတူညီချက်များက လိင်ဖျော်ဖြေရေး လုပ်ငန်း အတွင်းသို့ အတင်းအကျပ် သွတ်သွင်းခြင်းကို တိတိကျကျတား မြစ်ထားသည်။ ထိုသဘောတူညီ ချက်များမှာ-

– အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းပုံစံအားလုံးပပျောက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမ္ဂ သဘော တူညီချက် (CEDAW)၊ ပုဒ်မ- ၆။

– ဂျီနီဗာ သဘောတူညီချက်၊ အခန်း ၂၇

– ဂျီနီဗာသဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက် ၁၊ ပုဒ်မ ၇၅ (၂) (ခ) နှင့် ၇၆ (၁)

– ဂျီနီဗာသဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက် ၂၊ ပုဒ်မ ၄ (၂) (င)

– နိုင်ငံတကာပြစ်မှုဆိုင်ရာ တရာရုံး၏ ရောမသဘောတူညီချက်၊ ပုဒ်မ ၇ (၁) (ဆ)။

လိင်လုပ်ငန်းအတွင်းသို့ အတင်းအကျပ် သွတ်သွင်းခြင်းကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေများ အရ လည်း တားမြစ်ထားသည်။

(ဃ) လိင်လုပ်ငန်းအတွင်း အတင်းအဓမ္မသွတ်သွင်းခြင်း ဟူသောအချက်ကို ထင်ရှားကြောင်းပြရာတွင် မည်သည့်ငွေကြေးပေးမှုမျိုး က ဆက်နွယ်ပတ်သက်မှုရှိသနည်း။ လိင်လုပ်ငန်းအတွင်း အတင်းအဓမ္မ သွတ်သွင်းခြင်း ချိုးဖောက်မှုကို ထင်ရှားကြောင်း ပြသရန်အတွက် တစုံတယောက်သည် အခကြေးငွေပေးသည့် ပုံစံတခုခုဖြင့် လိင်ဆက်ဆံမှု ပြုရမည်ဖြစ်သည်။ ထိုပေး ချေမှုတွင် ငွေကြေးအဖြင့်အရ သော်လည်းကောင်း၊ အစားအစာ သို့မဟုတ် အဝတ်အထည် စသည့် ရုပ်ဝတ္ထု  ပစ္စည်းအရ အကျိုးအမြတ်ရှိစေသော ပုံစံတခုခုဖြစ်နိုင်သည်။ သို့သော် ခံစားခွင့်ရရှိသူသည် ကျူးလွန်ခံရသူကိုယ်တိုင် ဖြစ်ချင်မှ ဖြစ်နိုင်သည်။ ထိုကဲ့သို့ ဆက်ဆံနိုင်စေရန် စီစဉ်ပေးသူ တဦးဦး ကသော် လည်းကောင်း၊ အခြားသူထံသို့ လွှဲပြောင်းပေးသူ တဦးဦးကသော်လည်းကောင်း၊ ပေးချေမှုကို ရရှိနိုင်သည်။