မတ်လ ၁၅ရက်မှ ၂၁ ရက်အတွင်း စစ်အာဏာရှင်တပ်မှ စစ်ကိုင်းတိုင်း၊မကွေးတိုင်း နှင့် တနင်္သာရီတိုင်းတို့မှ ‌ဒေသခံ ပြည်သူ ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးချရန် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ် အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့မှ ဒေသခံ ပြည်သူ ၁၁ဦးကို မီးရှို့ သတ်ဖြတ်ခဲ့သည်။ မြေမြှုပ်မိုင်း အန္တာရာယ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၄ဦးနှင့် သေဆုံးသူ ၃ဦး ရှိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်၏ လက်အောက်ခံ များဖြစ်သော ပျုစောထီးအဖွဲ့က ပစ်သတ်သောကြောင့် ပြည်သူ ၂ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်အနေဖြင့် စစ်ကြောင်းထိုးခြင်းများ ပြုလုပ်လျက်ရှိပြီး ဒေသခံ ပြည်သူများကို ဖမ်းဆီးညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခြင်းများ ဆက်လက် ကျုးလွန်နေဆဲဖြစ်သည်။

စစ်အာဏာရှင်တပ်အနေဖြင့် ရန်ကုန်မြို့ရှိ လူငယ်များကို ဖမ်းဆီးကာ ငွေကြေးဖြင့် ပြန်လည်ရွေးယူခိုင်းခြင်း များ ပြုလုပ်လျက်ရှိသည်။ မန္တလေးတိုင်း မတ္တရာမြို့နယ်မှ အမျိုးသမီး ၁ဦးကို ဖမ်းဆီးကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်မှုကြောင့် တပတ်အတွင်း ပြည်သူ ၁၁ ဦး သေဆုံးခဲ့သည်။