စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်
အကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်နေသည့် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုသည် မှာ ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေး အကြပ်အတည်းမှ ထွက်ပေါက်ရှာ ရန်အတွက် ကြားခံအသုံးချသည့် အတုအယောင် ဆွေးနွေးပွဲမျှသာဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် တက်ရောက်ပါဝင်ခြင်း မပြုကြပါရန် အောက်တွင်လက်မှတ်ထိုးဖော်ပြထားသော အရပ်ဖက်လူထုအဖွဲ့အစည်းများမှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
နိုင်ငံတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခစစ်ပွဲများသည် မင်းအောင်လှိုင် ဦးဆောင် သော အကြမ်းဖက်စစ်အုပ်စုနှင့် ပြည်သူများအကြားဖြစ်သော စစ်ပွဲဖြစ်သည်။ မင်းအောင် လှိုင်ဦးဆောင်သည့် ဤအကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မတရားဖမ်း ဆီးထိန်းသိမ်းကာ တရားမဝင် အာဏာသိမ်းယူရန် စတင်ကြိုးစားခဲ့သည်။ ပြည်သူလူထုက တရားမျှတစွာ မဲပေးခဲ့ကြပြီး နိုင်ငံတကာကလည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲဟု အသိအမှတ်ပြုထားသည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက် ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှစ၍ စဥ်ဆက်မပြတ် အကြမ်းဖက် ကြိုးစားခဲ့သည့်အတွက် ဤစစ်အုပ်စုသည် နိုင်ငံအတွင်းတွင်လည်းကောင်း၊ နိုင်ငံတကာတွင်လည်းကောင်း တရားဝင်မှုလုံးဝမရှိသည့် အကြမ်းဖက်အဖွဲ့အစည်း သာဖြစ် သည်။
၎င်းတို့၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဒီမိုကရေစီကျင့်စဥ်အရ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် မိမိတို့ ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူလူထုများကို ရက်ရက်စက်စက် ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် ဤစစ်အုပ်စုသည် နိုင်ံငံတကာအဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်မှုနှင့် မြန်မာ့ပြည်တွင်းဥပဒေအရ အကြမ်းဖက်အဖွဲ့ အစည်းသာ ဖြစ်သည်။ ယခုအချိန်တွင် အရပ်သားများကို ပစ်မှတ်ထားကာ တနိုင်ငံလုံးတွင် နေ့စဥ်တိုက်ခိုက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ စစ်အုပ်စုသည် ရွာများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ပြည်သူလူထု၏ ပုဂ္ဂလိကပိုင်ဆိုင်မှု ပစ္စည်းများကို လုယက်ခိုး ယူခြင်း၊ ခလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သားများကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့် ခြင်း၊ လူနေဆင်ခြေဖုံးများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ အရပ်သား နေအိမ်များ ဘာသာရေးအဆောက်အအုံများ စာသင်ကျောင်းများ စစ်ရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို နေ့စဥ်ကျူးလွန်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ASEAN မှ ဦးဆောင်သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ကာ နိုင်ငံတကာကို မသိကျိုးကျွံပြုပြီး ထင်ရာစိုင်းနေသည့် ဤ အကြမ်းဖက်စစ်အုပ်စုသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ အဖွဲ့အစည်း များ၏ အသိအမှတ်ပြုမှုကို မရရှိသလို ASEAN ထိပ်သီးညီလာခံများနှင့် ဝန်ကြီးများ အစည်းအဝေးတွင်လည်း တက်ရောက်ခွင့်မရဘဲ ဖယ်ကျဥ်ခြင်း ခံနေရသည့် အဖွဲ့အစည်း လည်းဖြစ်သည်။
တနေ့ထက်တနေ့ ပိုမိုအားကောင်းလာသော ပြည်သူလူထု၏ ခုခံတော်လှန်မှုကို အံမတု နိုင်တော့သည့်အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြည်သူလူထုနှင့် ASEAN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို လှည့်စားရန်အတွက် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကို အသုံးချ၍ အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟန်ပြဖန်တီးနေခြင်းသာဖြစ်သည်။ ဤအကြမ်းဖက်စစ်အုပ်စု (ယခင်မြန်မာ့ တပ်မတော်) သည် လွန်ခဲ့သော ဆယ်နှစ်တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေကိုင်စွဲထားပြီး အပေါ်စီးယူ၍ ကြီးစိုးချယ်လှယ်ခဲ့သည့် အတွက် ကောင်းမွန်စစ်မှန်သောငြိမ်းချမ်းရေးနှင့် နိုင်ငံရေးသဘောတူညီချက်တခုမှ မရရှိ ခဲ့ပေ။ ယခုတဖန်လည်း စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက် ကိုင်စွဲထားကာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးပြဿနာကို အဖြေရှာရန်ဟု ကြိုးစားလာသည်မှာလည်း စစ်မှန် သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ လိုလားသော နိုင်ငံရေးအဖြေရှာရန်အတွက် မဟုတ်ဘဲ ၎င်းတို့အား နိုင်ငံတဝှမ်း ခုခံတော်လှန်နေသည့် နွေဦးတော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများကြား ခွဲထုတ် ဖြိုခွင်းရန် ရည်ရွယ်ချက်သက်သက်ဖြင့် ပြုလုပ်သည့် အတုအယောင်ဆွေးနွေးပွဲ ဖြစ်သည် မှာ ထင်ရှားလွန်းလှသည်။
ဤအတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ခြင်းအားဖြင့် အကြမ်းဖက် စစ် အုပ်စုအား ဆန့်ကျင်တွန်းလှန်နေသော ပြည်သူများ၏ သဘောထားကို ဆန့်ကျင်နေမည်၊ အကြမ်းဖက်စစ်ကောင်စီအား တရားဝင်အဖွဲ့အစည်းတရပ်အဖြစ် အသိအမှတ် ပြုနေသည် ဟု ပြည်သူများမှ မှတ်ယူမည်၊ တကယ်စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးလမ်းကြောင်း ပိုမို နှောင့်နှေးကြန့်ကြာမည်၊ လူသားချင်း စာနာ သည့် အကူအညီများ ပြည်သူများထံ ရောက်ရှိရန် အဟန့်အတားဖြစ်စေမည်၊ အဆိုးဆုံးမှာ အကြမ်းဖက်စစ်အုပ်စုမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက် ကျူးလွန်ရန် အားပေးသကဲ့သို့ ဖြစ်နေမည်။
အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်စ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် လက်ရှိ အချိန်တွင် နိုင်ငံတကာတရားခုံရုံးတွင်လည်း တရားရင်ဆိုင်နေရပြီးဖြစ်သည်။
၎င်းအကြမ်းဖက်စစ်အုပ်စုသည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် ထိုက်တန် သော အဖွဲ့အစည်းမဟုတ်ပါ။ အတိတ်သမိုင်းမှ သင်ခန်းစာများကိုယူပြီး ၎င်းတို့ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကမှ အပြီးအပိုင်ဖယ်ရှားပစ်ရန် လိုအပ်သည်။ ထို့ကြောင့် ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်ကို ခေတ်အဆက်ဆက် ကာလရှည်ကြာ ရပ်တည်တော်လှန်လာခဲ့ကြသော တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုမှ ဖိတ်ခေါ်သည့် အတုအယောင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ မည်သည့်နည်းနှင့်မျှ (လူသိရှင်ကြားဖြစ်စေ၊ လျှို့ဝှက်ဖြစ်စေ) တက်ရောက်ခြင်း၊ တွေ့ဆုံခြင်း မပြုဘဲ ဤအကြမ်းဖက်စစ်တပ်အား နိုင်ငံရေးမှ အပြီးအပိုင် အမြစ်ဖြတ်တောက်ပစ်ရန်အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်းရပ်တည်တိုက်ပွဲဝင်ရန် အလေးအနက်တိုက်တွန်း တောင်းဆိုအပ်ပါသည်။
မှတ်ချက် – လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများစုစုပေါင်း ၅၆၇ ဖွဲ့မှလုံခြုံရေးကြောင့် အဖွဲ့အစည်း ၂၈၁ ဖွဲ့သာ ဖေါ်ပြထားသည်။
လက်မှတ်ထိုးသည့်အဖွဲ့များ
- Action Against Myanmar Military Coup (Sydney)
- All Burma Indigenous People Alliance
- Action Committee for Democracy Development
- Active Youths (Kalay)
- All Arakan Civil Society Organization Network (AACSON)
- All Arakan Civil Society Partnership (AACSP)
- Anti-Dictatorship in Burma – DC Metropolitan Area
- Arakan Civil Engagement Network (ACEN)
- Arakan CSO Network
- Arakan Humanitarian Coordination Team – AHCT
- Arakan National Democratic Party
- Assistance Association for Political Prisoners (Burma)
- Association of United in Nationalities in Japan, AUN-Japan
- Australia Karen Organization
- AYN – Ayeyarwady Youth Network
- Back Pack Health Worker Team
- BCC စစ်ကိုင်းတိုင်း
- Burma Human Rights Network
- Basic Education Workers’ Union
- Basic Education General Strikes Committee
- Burma Environmental Working Group (BEWG)
- Burma Medical Association
- Burmese Canadian Network
- Burmese Chin Community of Atlanta
- Burmese Democratic Forces (USA)
- Burmese Muslim Association (BMA)
- Burmese Rohingya Association in Japan (BRAJ)
- Calgary Karen Community (CKCA)
- Candle light (ပနဲတာကပေါ်)
- CDM Support Team Mandalay (CSTM)
- Center for Peace and Development
- Civil Information Network (CIN)
- Chin Community of Japan
- Chin CSOs Forum for Peace
- Chin Farmer Network (CFN)
- Chin Movement Alliance (CMA)
- Chin Representative – GSCN
- Chin Resources Center
- Chin Student Union (CSU)
- Chin Women Development Organization (CWDO)
- Chin Youth Network (CYN)
- Chinland Natural Resources Watch Group
- Civil Society Forum for Peace Network (Arakan)
- Danu Youth Organization
- Dawei Development Association
- Dawei Defense Team (DDT)
- Dawei Township Basic Education Students’ Union
- Edmonton Karen Community Youth Organization
- Educational Initiatives Myanmar
- Equality Myanmar
- European Karen Network (EKN)
- Federal FM Mandalay
- Federation of Worker ‘s Union of Burmese Citizens in Japan (FWUBC)
- Free Burma Action Committee – Northern California
- Free Burma Action Committee – Sacremento
- Free Burma Action Committee – San Francisco
- Free Burma Action Committee – Central Valley
- Future Thanlwin
- Global Myanmar Spring Revolution
- Global Shan Network
- Green Network (Myeik)
- Hkunzup Development Committee
- Humanity Institute
- Human Rights Foundation of Monland
- Inlihtan Peninsula Tenasserim
- International Karen Organization (IKO)
- Japan Myanmar Help Network (comprising of over 40 youth groups in Japan)
- Kachin Affairs Organization Japan, KAO (Japan)
- Kachin Alliance (US)
- Kachin Gender Star Group
- Kamma Lover
- Kanpetlet Affairs Council (KAC)
- Karen National League Japan (KNL)
- Karen Community in Netherland
- Karen Community of Canada (KCC)
- Karen Community of Czech Republic
- Karen Community of Finland
- Karen Community of Hamilton
- Karen Community of Ireland
- Karen Community of Israel
- Karen Community of Kitchener &Waterloo
- Karen Community of Leamington
- Karen Community of Lethbridge
- Karen Community of London
- Karen Community of Ottawa
- Karen Community of Regina
- Karen Community of Saskatoon
- Karen Community of Thunderbay
- Karen Community of Toronto
- Karen Community of Utica New York (USA)
- Karen Community of Windsor
- Karen Community of Winnipeg
- Karen Community Society of British Columbia (KCSBC)
- KCN (Karen Community in Norway)
- Karen Environmental and Social Action Network
- Karen Grassroot Women Network
- Karen Human Rights Group (KHRG)
- Karen-Korea Joint Mission and Education Center
- Karen National League Japan – KNL
- Karen Organization for Relief and Development
- Karen Organization of American (KOA)
- Karen Peace Support Network
- Karen Refugee Committee
- Karen Rivers Watch
- Karen Student Association
- Karen Student Network Group
- Karen Swedish Community (KSC)
- Karen Teacher Working Group
- Karen Women Organization
- Karen Youth of Norway
- Karen Youth of Toronto
- Karenni Federations of Australia (KNFA)
- Karenni Global Network
- Kayan Recuse Committee (KRC)
- Karenni Human Rights Group (KnHRG)
- Karenni National Society Japan, KNS-Japan
- Karenni Society New Zealand
- Kayan American Organisation
- Kayan International Network (KIN)
- Kayan New Generation Youth (KNGY)
- Kayan Women’s Organization (KyWO)
- Kayah Earthrights Action Network (KEAN)
- Kayaw Women’s Association (KWA)
- Keng Tung Youth
- Korea Karen Organization
- Korea Karen Youth Organization
- Kuki’s Women Rights Organization (KWHRO)
- Kyae Lak Myay
- Kyaukse University Students’ Union
- LAIN Technical Support Group
- Laung Lone Youth Network (LLYN)
- Let’s Help Each Other
- LGBTIQ (လိင်စိတ်ခံယူမှုကွဲပြားသူများ) သပိတ်စစ်ကြောင်း – LGBTIQ Strike of Mandalay
- Magway People’s Revolution Committee (မကွေးလူထုတိုက်ပွဲကော်မတီ)
- Mandalay Youth Association (MRYA)
- Maraland CDM Force
- MATA စစ်ကိုင်းတိုင်း
- MIIT ကျောင်းသားကျောင်းသူများ သပိတ်စစ်ကြောင်း – MIIT Student Strike Column
- Minhla Youth Network
- Mon National Council (Australia)
- Mon National Network
- Mon State Development Center
- Myanmar Alliance for Transparency and Accountability
- Myanmar Cultural Research Society (MCRS)
- Myanmar Ethnic Students Organization
- Myanmar People Alliance (Shan State)
- Myanmar Society of USA Inc.
- Myanmar Unity Movement UK
- Myaung Education Network မြောင်ပညာရေးကွန်ရက်
- Myaung Medical Team နွေဦးရောင်နီဆေးအဖွဲ့
- Myanmar Labor Alliance (MLA)
- Network for Advocacy Action
- Network for Human Rights Documentation Burma (ND-Burma)
- New Rehmonnya Federated Force (NRFF)
- Overseas Karen Organization (Japan)
- Oway Institute
- Pakokku Youth Development Council
- Pa-O Women’s Organization
- Palaung National Society Japan, PNS-Japan
- Pa-oh Youths Japan, PYJ-Japan
- Pa-O Youth Organization (PYO)
- Progressive Voice
- Punnyakari Mon National Society Japan, PMNS-Japan
- Reliable Organization
- Safe of Dawei
- Save and Care Organization for Ethnic Women at the Border Areas
- Save Myanmar (USA)
- Save Myanmar San Francisco
- Save the Salween Network (SSN)
- Shan Community in Japan (SCJ)
- Shan MATA
- Shan State Nationalities for Democracy Japan, SSND-Japan
- Shanan Foundation
- Social Program Aid for Civic Education (SPACE)
- Southern Dragon
- Southern Wings
- Southern Youth Development Organization
- Spring Traveler
- Ta’ang Students and Youth Uion (TSYU)
- Ta’ang Women’s Organisation (TWO)
- Tanintharyi MATA
- Tanintharyi Nationalities Congress – TNC (တနင်္သာရီလူမျိုးပေါင်းစုံကွန်ဂရက်)
- Tanintharyi People’s Voice
- Tanitharyi Women’s Network
- Tanintharyi Youth Network (TYN)
- Tawwin Thazin Women Group
- Tenasserim Student Unions’ Network – TSUN
- Thint Myat Lo Thu Myar Organization
- The Ladies
- Third Eye (Mindat)
- Thwee Community Development Network2
- Technological Teachers’ Federation
- Union of Karenni State Youth (UKSY)
- United Hands for New Myanmar-Upstate NY
- University Of Forestry and Environmental Science Council
- University Students’ Unions Alumni Force (USUAF)
- Women Activists Myanmar
- Women Advocacy Coalition-Myanmar
- Women for Women Foundation (WWF)
- Women’s League of Burma (WLB)
- White Coat Society Yangon
- Yangon Medical Network
- Youth Development Institute (YDI)
- Youths for Community-Myaung
- ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်း၊ တက္ကသိုလ်များ၊ရန်ကုန်။ – Universities Kachin Literature and Culture Association – Yangon (Yangon JLH)
- ကျန်းမာရေးမိသားစု – မန္တလေး – (Medical Family – Mandalay)
- ကွန်ပျူတာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Computer University ( Mandalay ) Student Union
- ချမ်းမြသာစည်မြို့နယ် လူထုသပိတ်စစ်ကြောင်း – Chan Mya Thar Si Township People
Strike Column
- ခုနှစ်စင်ကြယ်အဖွဲ့
- ဂိမှာန်ထောက်ပို့ကော်မတီ – တနင်္သာရီ
- စာနာ-SaNaR (Save The Natural Resource)
- စိန်ပန်း သပိတ်စစ်ကြောင်း – Sein Pan Strike Column
- စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲရေးကော်မတီ – ပုလောမြို့နယ်
- ဆီသို့ – စာစဉ်
- ဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Medical University ( Mandalay )
Student Union
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Paramedical Technical University (Mandalay) Student Union
- ဆေးဝါးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Pharmacy University ( Mandalay ) Student Union
- တမ္ပဝတီ လူထုသပိတ်စစ်ကြောင်း
- တက်ကြွလူငယ်
- တိုက်ကွမ်ဒို အားကစားအသင်း – Taekwando Sport Association
- တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Traditional Medicine ( Mandalay ) Student Union
- တိုင်းရင်းသားလူငယ်များ အထွေထွေသပိတ်ကော်မတီ – Ethnic Youth General Strike Committee
- တူမီး – တော်လှန်ရေးစာစဉ်
- တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာ ဆရာ ဆရာမများ သမဂ္ဂ
- ထားဝယ်ပညာရေးဘုတ်အဖွဲ့
- ဒို့မြေကွန်ရက် (Land in Our Hands)
- ဒေါင်းစစ်သည် – Daung Sit Thi
- ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
- နိုင်ငံရေးအကျဥ်းသားများကွန်ရက် (ထားဝယ်)
- နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)ကျောင်းသားများသမဂ္ဂ – Technical University Yadanapone Ciber City ) Student Union
- ပညာရေးမိသားစု (စစ်အာဏာရှင်ဆန့်ကျင်ရေး ပညာရေးစစ်ကြောင်းများ ချိတ်ဆက်ညှိနှိုင်းရေ းကော်မတီ) – Education Family ( Anti – Fascists Education Strike Columns Coordination Committee)
- ပြည်ကြီးတံခွန်သပိတ် – Pyi Gyi Ta Gon Strike
- ပွင့်ဖြူလယ်ယာမြေကွန်ရက်
- ပုဂ္ဂလိက မူကြိုဆရာ၊ ဆရာမများအဖွဲ့ – Private Pre- school Teachers Association
- ဘာသာပေါင်းစုံ သပိတ်စစ်ကြောင်း – All Religions Strike Column
- ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း – Phayagye Peace Strike Column
- မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
- မန္တလာတက္ကသိုလ် ကျောင်းသားကျောင်းသူများသပိတ်စစ်ကြောင်း – Mandalar University Student Strike Column
- မန္တလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ – Mandalar University Student Union
- မန္တလေး ကုန်စည်ဒိုင်သပိတ်စစ်ကြောင်း – Mandalay Wholesale Strike Column
- မန္တလေး၊ တက္ကသိုလ် ဒီဂရီ၊ ကောလိပ် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ သပိတ်စစ်ကြောင်း – Strike Column of Teachers from Universities and Degree Colleges of Mandalay
- မန္တလေးတက္ကသိုလ် ကျောင်းသား ကျောင်းသူဟောင်းများ သပိတ်စစ်ကြောင်း – Mandalay University Student Alumni Union
- မန္တလေးတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြုကော်မတီ – (Committee Representing Mandalay Region Hluttaw)
- မန္တလေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ – Mandalay Technical University Student Union
- မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ – Student Union of Mandalay University of Foreign Language
- မန္တလေးပုဂ္ဂလိကတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MPUSU) – Mandalay Private University Student Union ( MPUSU )
- မန္တလေးမြို့အခြေစိုက် လူထုသပိတ်စစ်ကြောင်း – Mandalay Based People Strike Column
- မန္တလေးမဟာမိတ် သပိတ်တပ်ပေါင်းစုစစ်ကြောင်း – Mandalay Alliance Strike Collective Column
- မန္တလေးလူငယ် သပိတ်စစ်ကြောင်း – Mandalay Youth Strike Column
- မန္တလေးအင်ဂျင်နီယာ တပ်ပေါင်းစု – Mandalay Engineer United Force
- မန္တလေးအင်ဂျင်နီယာများအဖွဲ့ – (Mandalay Engineer Group)
- မန္တလေးအရပ်ဖက်အဖွဲ့အစည်းများ – Mandalay Civil Society Organizations
- မျိုးဆက်-Generations
- မြတောင် သပိတ်စစ်ကြောင်း – Mya Taung Strike Column
- မြန်မာ့မီးရထား တိုင်းအမှတ် (၃) CDM ဝန်ထမ်းများ သပိတ်စစ်ကြောင်း – Myanmar Railway, Region (3) CDM Strike Column
- မြန်မာနိုင်ငံဘဏ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – (Bank Trade Unions Federation of Myanmar – BTUFM)
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Myanmar Institute of Information Technology Students Union
- မြစ်ကွေ့ – လူထုတော်လှန်ရေးစာစဉ်
- မွတ်စ်လင်မ်လူငယ်များအဖွဲ့ – Muslim Youth Union
- မဟာအောင်မြေမြို့နယ် စုပေါင်းလူထုသပိတ်စစ်ကြောင်း – Maha Aung Myay Township People Collective Strike Column
- ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရ.တ.က.သ) – Yadanapone University Student Union ( Ya. Ta. Ka. Tha)
- လိင်စိတ်ခံယူမှုကွဲပြားသူများသမဂ္ဂ-မန္တလေး – LGBT Union Mandalay
- လူငယ်ကဗျာဆရာများသမဂ္ဂ – Youth Poet Union
- လူထုအလင်းရောင်
- သံဃသမဂ္ဂ သပိတ်စစ်ကြောင်း – Sangha Samaga Strike Column
- သပြေညို သတင်းလွှာ – Thapaynyo News Letter
- သမဝါယမတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများ သပိတ်စစ်ကြောင်း – Cooperative University Student Strike Column
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – University of Dentistry (Mandalay) Student Union
- သားဖွားသင်တန်းကျောင်း(မန္တလေး)ကျောင်းသားများသမဂ္ဂ – Midwives Training School ( Mandalay) Student Union )
- သူနာပြုတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – Nursing University ( Mandalay ) Student Union
- သူနာပြုသင်တန်းကျောင်း(မန္တလေး)ကျောင်းသားများသမဂ္ဂ – Nursing Training School ( Mandalay ) Student Union
- သူပုန်ဂေဇက် – The Rebel Gazette
- အ.ထ.က (၇) ကျောင်းသူ၊ ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်း – No 7 State High School Alumni Strike Column
- အ.လ.က (၁၂) ထခွဲ၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (အ.က.သ) – Ah. La. Ka (12) Hta Khwe. Primary Education Student Union
- အဖမ်းဆီးခံပြည်သူများ ကိုယ်စားပြုသပိတ်စစ်ကြောင်း – Strike Column of Representatives of Arbitrarily Arrested People
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) – National League for Democracy (Mandalay Region )
- အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)ကျောင်းသားများသမဂ္ဂ – National Culture and Arts University ( Mandalay ) Student Union
- အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – League of Labour Union
- မန္တလေး ကဗျာဆရာများသမဂ္ဂ – (Mandalay Poets’ Union)
- အောင်ပင်လယ် ပင်မသပိတ်စစ်ကြောင်း – Aung Pin Lae Main Strike Column
- အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံ သပိတ်စစ်ကြောင်း – Aung Myay Thar Zan Education Schools Strike Column