အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့ထိ

#အာဆီယံသည် #မြန်မာပြည်သူများအတွက်  တစ်ဖန်ပျက်ကွက်ပြန်သည်။ အာဆီယံသည် မြန်မာနိုင်ငံတွင် အကျပ်အတည်းမျိုးစုံကို တုံ့ပြန်ရာတွင် သမာဓိနှင့် စည်းကမ်းရှိစွာ ဦးဆောင်ရန် အခွင့်အလမ်းများစွာရှိသည်။ ယင်းအစား၊ ၎င်းတို့သည် ဒီမိုကရေစီ၏ အခြေခံမူများကို ကျောခိုင်းပြီး တိုင်းပြည်ငြိမ်းချမ်းရေး အလားအလာကို ယိုယွင်းစေသော အာဏာရှင်များအတွက် ဆင်ခြေ ပေးခဲ့သည်။