မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသည် နေ့စဉ်နှင့်အမျှ ဆိုးရွားလာနေသည်။ မုတ်သုံမိုး စတင်လာသည်နှင့်အမျှ ဘေးကင်းရာသို့ ထွက်ပြေးခိုလှုံနေရသည့် ပြည်သူတို့၏ အတိဒုက္ခမှာ ပိုများလာပြီး ပို၍ အန္တရာယ်များလာနေသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအား တုံ့ပြန်ရာတွင် ရန်ပုံငွေအား NUG အပါအ၀င်  နယ်စပ်ဖြတ်ကျော် အကူအညီပေးနေသည့် အဖွဲ့များမှတစ်ဆင့် ကူညီပံ့ပိုးပေးရမည်။