မေ ၁၀ ၊ ၂၀၂၂
ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ တိုင်ပင်ခံအစည်းအဝေးမှာ ကုလသ မဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာ နိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုအပေါ် အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချတဲ့အကြောင်း မေ ၉ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မေ ၆ ရက်က ဖနွမ်းပင်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အတိုင်ပင်ခံအစည်းအဝေးမှာ ဒေါက်တာနိုလင်းဟေဇာကို ချန်လှပ်ခဲ့မှုက အာဆီယံအနေနဲ့ ကုလသမဂ္ဂကို စော်ကားလိုက်တာဖြစ်တယ်လို့ ရှုတ်ချရေးသားလိုက်တာပါ။
မူလက ဖိတ်ကြားခဲ့ပြီးမှ အစည်းအဝေးတက်ရောက်ခါနီး ကုလအထူးကိုယ် စားလှယ်ကို ဖျက်သိမ်းလိုက်မှုက အာဆီယံရဲ့ ကုလသမဂ္ဂကို စော်ကားမှုဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ဒါအပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin ကလည်း ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အ ရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီးတော့ အစည်းအဝေးကို တက်ရောက်ခွင့် မပြုခဲ့တဲ့အပေါ် ဝေဖန်ထားပါတယ်။
အမျိုးသားညီညွတ် ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မလေးရှားနိုင်ငံ ခြားရေးဝန်ကြီး Saifuddin ရဲ့ ဝေဖန်မှုကိုလည်း ဖော်ပြထားပြီး အခုလို ဝေဖန်တာကို ကြိုဆိုတယ်လို့ ဖော်ပြထား တာတွေ့ရပါတယ်။
ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးရေးနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ အာဆီယံအတိုင်ပင်ခံအစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသတွင်း လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေကို ဖိတ်ကြားခြင်းမပြုဘဲ အကြမ်း ဖက်စစ်ကောင်စီကိုသာ ဗဟိုပြုပြီး ဆွေးနွေးပွဲတက်ရောက်စေခဲ့တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဖော်ပြထားပါ တယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ် ဆောင်ဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။