မအောင်မြင်သော အာဏာသိမ်းမှု၏ အကျိုးသက်ရောက်မှုများကို အမျိုးသမီးများနှင့် ကလေးငယ်များ ခံစားနေရသည်။ ထိခိုက်လွယ်သော အုပ်စုများကို စနစ်တကျ ဖိနှိပ်ခြင်းသည် အမျိုးသမီးများနှင့် ကလေးများ၏ လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသော ကာလကြာရှည် အားနည်းသည့် ဥပဒေများကို ပို၍ဆိုး၀ါးစေသည်။ ၎င်းတို့အားကာကွယ်ပေးရမည်။