ဆယ်စုနှစ်များနှင့် ချီသည့် ပဋိပက္ခ စစ်ပွဲများအတွင်း မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ၎င်းတို့၏ ကြံ့ခိုင် သန်မာမှုကို ပြသခဲ့ကြသည်။ တိုင်းပြည်တွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် ဖိုဝါဒ ကြီးစိုး မှုကိုလည်း ပုံစံပြောင်းပစ်ကြသည်။ အမျိုးသမီးများအပေါ် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မှ ကာကွယ်ရန် ခိုင်မာသည့် ဥပဒေများ ပြဌာန်းပေးရန် တောင်းဆို စည်းရုံးလှုံ့ဆော်ကြသည်။ အသက် ရှင်သန် ကျန်ရစ်သူများအား အကာအကွယ်ပေးရန်နှင့် တရားမျှတမှု ရရှိစေရန် အာမခံမည့် ဥပဒေများ ပြဌာန်းရန် ဆန္ဒမရှိသည်မှာ စိတ်ပျက်ဖွယ်ဖြစ်သည်။
မြန်မာစစ်တပ်၏ ရန်လိုသော သက်သေအဖြစ် ပြည်တွင်းပဋိပက္ခအတွင်း နှစ်ပေါင်းများစွာ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု ကျူးလွန်ခြင်းဖြစ်သည်။ ထိုသို့ မချိမဆန့် ခံစားရသည့် အခြေအနေအောက်တွင် အမျိုးသမီးနှင့် လုံမပျိုများမှာ ဝန်ထုတ်ဝန်ပိုးကို ထမ်းထားရသည်။ တိုက်ခိုက်မှုနှင့် ကြံစည်ထားသည့် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် ကြိုးပမ်းသည့် အမျိုးသမီးများမှာ စစ်သားများ၏ ပစ်မှတ်ထား ခြင်း ခံရသည်။ အသက်ရှင်ကျန် လွတ်မြောက်လာသူများမှာလည်း စိတ်ဒဏ်ရာများ ရရှိထားပြီး လုံလောက်သည့် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးမှုများ မရရှိပေ။ စစ်အာဏာရှင်တို့၏ လုပ်ရပ်ကြောင့် ၎င်းတို့၏ ဘဝ တသက်တာလုံး မိသားစုနှင့်အတူ အရှက်တကွဲ အကျိုးနဲမှုကို ခံစားကြရ သည်။
တရားရုံးတွင် ဖြေရှင်းသည့် ကုန်ကျစရိတ် ကြီးမြင့်မှုနှင့် စစ်အာဏာရှင် တပ်သားများအား အကာအ ကွယ် ပေးထားမှု အပါအဝင် တရားမျှတမှု ရှာဖွေရေး လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားသည်။ စစ်အာဏာရှင်များသည် တာဝန်ယူ တာဝန်မှုကို ရှောင်ကွင်းပြီး အကြိမ်ကြိမ် ထိုးစစ်ဆင်နေသည်။ နှစ် ပေါင်းရှည်ကြာ ကျင့်သုံးနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ဓလေ့ကြောင့် တရားစီရင်မှု စနစ်ကို အားနည်း သွားစေပြီး နစ်နာသူများ၏ ဂုဏ်သိက္ခာကို ချိုးနှိမ်ငြင်းပယ်ရာ ရောက်သည်။
၂၀၂၁ ခုနှစ် ဖေော်ဝါရီ ၁ရက် အာဏာသိမ်းပြီးချိန်မှစ၍ စစ်သားများက ၎င်းတို့အား ဆန့်ကျင် ခုခံသူ များအား နည်းပေါင်းစုံဖြင့် ဖြိုခွဲခဲ့ရာ ပြည်သူလူထုမှာလည်း နှိကွပ်မှုပေါင်းစုံ ခံနေရသည်။ စစ်တပ်၏ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ပြည်သူ ၁၅၀၀ ကျော် သေဆုံးခဲ့ပြီး ရာနှင့်ချီ၍ ဒဏ်ရာရသည်ဟု မှတ်တမ်း တင်သည့် အဖွဲ့အစည်းများက အစီရင်ခံကြသည်။ ထိုသို့ တင်းမာပြင်းထန်သည့် အကြမ်းဖက်မှုများ နောက်ခံတွင် အမျိုးသမီးများ၏ ခုခံတွန်းလှန် လှုပ်ရှားမှုမှာ နေရာအနှံ့အပြားတွင် ပေါ်ပေါက်လာသည်။ စစ်အာဏာရှင်တို့အား ဆန့်ကျင် တွန်းလှန်နေသူများ၏ ရုပ်ပိုင်း၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အင်တာနက် ဆက်သွယ်မှု လုံခြုံရေး ခြိမ်းခြောက်ခံနေရသော်လည်း ဒီမိုကရေစီရေး စည်းရုံးလှုပ်ရှားမှု များ ဆက်လက်လုပ်ဆောင်နေသည်။
မြန်မာစစ်တပ်များ နေရာယူ တပ်စွဲထားသည့်နေရာများတွင် အမျိုးသမီးများ၏ ဘဝမှာ လုံခြုံစိတ်ချရမှု မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အပြောင်းအလဲအတွက် အမျိုးသမီးများ၏ အသံမှာ မဆုတ်မနစ် ထွက် ပေါ်နေပြီး ဆန့်ကျင်တားဆီးမှုများကို ကြံကြံခံလျှက်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။
ယခုပူးတွဲအစီရင်ခံစာကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma), မွန်ပြည်လူ့အ ခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) နှင့် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) မှ ပြုစုထားပြီး မြန်မာပြည်ရှိ အထူးသဖြင့် ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီး ရှိ အမျိုးသမီး နှင့် လုံမပျိုများမှာ လွန်ခဲ့သည့် နှစ်အတွင်း စစ်အာဏာရှင်တို့၏ ခြိမ်း ခြောက် အကြမ်းဖက်မှုကို မည်သို့ ခံနေရကြောင်း ဖော်ပြထားသည်။ အစီရင်ခံစာတွင် အမျိုးသမီးများ ကြုံတွေ့နေရသည့် စနစ်တကျ ခြိမ်းခြောက်၊ အကြမ်းဖက်ခံရမှုများကို လည်း မည်သို့ ကျော်လွှားခဲ့ကြသည်ကို ဖော်ပြထားသည်။