မြန်မာစစ်တပ်သည် တရား၀င်ဖြစ်ရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသည်။ ပြီးခဲ့သည်ံ့ ရက်သတ္တပတ်အတွင်းတွင် ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ရပ်တည်ချက်ကို လျော့ပါးထိခိုက်စေရန် ထင်ရှားသော NLD ခေါင်းဆောင်များကို ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းခြင်း (သို့) နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီသည် အောက်တိုဘာ လကုန်ပိုင်းတွင်အဖမ်းခံခဲ့ရပြီး စစ်ကြောရေးတွင် အကြမ်ဖက်စစ်ဆေးခံခဲ့ရသည်။ ထို့နောက် ကိုဂျင်မီကို ပြင်းထန်သည့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် အကြမ်းဖက်မှုပုဒ်မတို့ဖြင့် တရားစွဲခဲ့သည်။ ကိုဂျင်မီရင်ဆိုင်ရသော စွဲချက် ၆ မှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၃၀ အပြင် သေဒဏ်ပါကျခံနိုင်သည်။

NLD ကရင်၀န်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အသက် (၆၇) နှစ် အရွယ်ကို စစ်ခုံရုံးတွင် သီးခြားပြစ်မှု ၅ မှုအတွက် အပြစ်ရှိကြောင်း အမိန့်ချခဲ့သည်။ တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ် နှုန်းဖြင့် စုစုပေါင်းထောင်ဒဏ် ၇၇ နှစ် ချခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးချို့တဲ့နေသော NLD ပါတီ နာယကအဖွဲ့ဝင် ဦး၀င်းထိန်ကို သွေးထိုးလှုံ့ဆော်မှုကြောင့် စစ်ကောင်စီမှ  ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး နေပြည်တော်ထိန်းသိမ်းရေးစခန်းမှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွေ့ခဲ့သည်။

စွဲချက်တင်မှုများ ပိုမိုများပြားလာသည်နှင့်အမျှ ဖြုတ်ချခံရသော နိုင်ငံရေးသမားများသည် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၎င်းတို့ကိုယ်စား မိသားစု၀င်များသည် ဓားစာခံအဖြစ် ဖမ်းဆီးခံ နေရသည်။ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လွတ်တော်ကိုယ်စားလှယ်ဟောင်း အသက် ၅၁ နှစ်အရွယ် ဦးဝင်းမြင့်လှိုင် နှင့် အတူ ညီဖြစ်သူကို နို၀င်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့်နေ့မှစ၍ ၎င်းနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မကြားသိရပါ။​

အာဏာသိမ်းရန်ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ NLD အပေါ် သစ္စာစောင့်သိသော အစိုးရအရာရှိဟောင်းများကို စစ်ကောင်စီမှ ဆက်လက်နှိမ်နှင်းခဲ့သည်။​ လွန်ခဲ့သော ရက်ပေါင်း ၉၀ အတွင်း  အမျိုးသားညီညွတ်ရေးအစိုးရ NUG သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက်စပ်သော NLD လွတ်တော်ကိုယ်စားလှယ်များ နှင့် တစ်ခြားပါတီ၀င်တို့၏ ပိုင်ဆိုင်မှု ၇၀ ခန့်ကို ချိတ်ပိတ်ခဲ့သည်။

စစ်ကောင်စီသည် ခုခံတော်လှန်ရေးလှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေးကို အားပျော့သွားရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီကို ဖြိုခွင်းရန် ကြိုးပမ်းတွန်းလှန်မှုများမှာ ယိမ်းယိုင်သွားခြင်းမရှိပါ။ စစ်ကောင်စီမှ ပြည်သူတို့၏ လွတ်လပ်ခွင့်အပေါ် ပစ်မှတ်ထားကာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းဖြင့် ခုခံတွန်းလှန်မှုများကို ဖယ်ရှားရာတွင် ပိုမိုအားကောင်းကြောင်းပြသရန် အပြင်းအထန် ကြိုးပမ်းမှုများသည် ၎င်းတို့ အားနည်းကြောင်းကိုသာ ကိုယ်စားပြုနေသည်။ လူထုမှလည်း စစ်တပ်၏ ရပ်တည်ချက်မှန်သမျှကို တခဲနက်ဆန့်ကျင်နေသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ဂြိုလ်တုမှရိုက်ကူးထားသောပုံရိပ်များတွင် ချင်းပြည်နယ်ရှိ နေအိမ်များနှင့် ဘုရားကျောင်းများသည်  အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် မီးလောင်ပျက်ဆီးခဲ့ရသည်ကို တွေ့ရသည်။​ အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့ပါ၀င်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း ဓါတ်ပုံများနှင့် အသက်ရှင်ကျန်ရစ်သူများ၏ သက်သေထွက်ဆိုချက်များသည် အမှန်တရားကို ဖော်ပြနေသည်​။

ခုခံတော်လှန်ရေးတပ်များသည် မိမိတို့ဒေသကို ကာကွယ်ရန် ဆက်လက်ခုခံတိုက်ပွဲ၀င်နေကြပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ – CDF (မင်းတပ်)၏ အဆိုအရ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး သေဆုံးခဲ့သည်ဟုသိရှိရသည်။​

ချင်းပြည်နယ်တွင် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများသည် စစ်ကောင်စီ ချန်ခဲ့သော စစ်လမ်းကြောင်းဆိုင်ရာ သက်သေအထောက်အထားများကို မှတ်တမ်းတင်ရန် စိန်ခေါ်မှုများ ဖြစ်စေခဲ့သည်။​ အင်တာနက်ဆက်လက်ပိတ်ဆို့ထားသောကြောင့် မှတ်တမ်းရယူရန် ပို၍ အဟန့်အတားဖြစ်စေသည်။ အဖွဲ့အစည်းများသည် သက်သေအထောက်အထားများကို အန္တရာယ်အတားအဆီးများကြားတွင် ရယူနေကြရသည်။

 

ကချင်ပြည်နယ်

ကချင်ပြည်နယ်မှ ဒေသခံများသည် လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် နောက်ဆက်တွဲ ပြသနာများကိုကြုံတွေ့နေရသည်။​ စစ်တပ်များချထားခြင်းကြောင့် အကြောက်တရားနှင့် မသေချာမရေရာမှုကို ဖြစ်ပေါ်စေပြီး အသက်မွေး၀မ်းကြောင်းဆိုင်ရာ လုပ်ငန်းများကို ဖိအားပေးရပ်ဆိုင်းခံထားရသည်။ မတ်လကတည်းမှစတင်၍ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရမည်ကိုစိုးရိမ်သောကြောင့် စစ်ဘေးရှောင်များသည် IDP စခန်းကိုစွန့်ခွာ၍ နေရပ်သို့ပြန်နေကြသည်။ ပဋိပက္ခနှင့် ကူးစက်ရောဂါအပြင် ငွေကြေးဖောင်းပွမှုကြောင့် ဒေသခံများထံသို့ အခြေခံလိုအပ်ချက်များ မရသကဲ့သို့ ရောက်ရှိခြင်းလည်းမရှိပါ။

 

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်သည် တစ်ခြားသောဒေသများကဲ့သို့ပင် အကြမ်းဖက်စစ်တပ်၏ အသက်ရှင်သန် နိုင်ရေးကို ခြိမ်းခြောက်သည့် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရင်ဆိုင် နေရသည်။​ ပြီးခဲ့သည့် နှစ်ရက်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး မြေလှန်နည်းဗျူဟာကြောင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်သူ ၄၀,၀၀၀ နီးပါးထွက်ပြေးခဲ့ရသည်။​ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ရွာပေါင်း ၂၀ မှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သားများမှ အစားအသောက်များ ယူပြီးနောက် သက်ကြီး အမျိုးသမီးတစ်ဦးအဓမ္မပြုကျင့်ခဲ့သည်။​ အသက် ၆၂ အရွယ် အမျိုးသမီးကြီးသည် တစ်ခြားအဖော်အမျိုးသမီးနှင့် အတူနေအိမ်တွင်နေထိုင်စဥ် စစ်သား ၃ ဦးမှ လာရောက်ခဲ့ပြီး ပြန်သွားခဲ့သည်။  အဖော်အမျိုးသမီးမှ ၀က်စာသွားယူနေစဥ် စစ်သားတစ်ဦးမှ ပြန်လာပြီး အဓမ္မပြုကျင့်ခဲ့သည်။​