နိုင်ငံရှိ စစ်တပ်၊ ရဲအစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်း ထန်ထန် ကျူးလွန်နေသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း လူအသေအပျောက် များပြားလာခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ခြိမ်းခြောက်နေပြန်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် လူနာများကို ကုသပေးသည့် ကျန်းမာရေး လုပ်သားများအား စစ်အာဏာရှင်များက ဖိနှပ်ချုပ်ခြယ် ထိန်းချုပ်ထားသည်။ ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုက ပြည်သူလူထု၏ အသက်ကယ်ဆယ်ရေးအတွက် သေ ရေးရှင်ရေးတမျှ အရေးကြီးသည်။ တိုင်းပြည်၏ သူရဲကောင်းများဖြစ်သည့် ကျန်းမာရေးနယ်ပယ်တွင် ကျွမ်း ကျင်သူများ ကို ကူညီရမည့်အစား စစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရွေးချယ် ဦးထိပ်ပန်ဆင် လျှက်ရှိသည်။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစပြီး စစ်တပ်၏ တရားမဝင် ထင်ရာစိုင်း အုပ်စိုးမှုကြောင့် ပရမ်းပတာ၊ ဝရုန်းသုန်း ကားဖြစ်နေသည်။ စစ်အာဏာရှင်များသည် လူ့အသက်ပေါင်းများစွာကို တန်ဖိုးမထား လျစ်လျူရှု ပြီး လူသားမျိုး နွယ်အပေါ် ဆန့်ကျင်သည့်ပြစ်မှု (CAH) ကျူးလွန်ကြသည်။ ၎င်းတို့ အာဏာတည်မြဲရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက စစ်အာဏာသိမ်းချိန်မှစပြီး အပြစ်မဲ့ပြည်သူ ၉၀၀ ကျော်ကို အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ်၊ ညှဥ်းပန်းနှိပ်စက်ကြသည်။ စစ်အာဏာရှင်များက လုပ်ငန်းကျွမ်းကျင်သူ ဆရာဝန်ကြီး များကို ဖမ်းဆီး ထိန်းသိမ်းထားပြီး သတင်းလွတ်လပ်မှုနှင့် နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူများကို ကြောက် ရွံ့စေရန် ဖန်တီးထားသည်။ ကပ်ရောဂါ၏ ခြောက်လှန့်မှုနှင့် ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှု တို့က “အားအပြင်းဆုံး မုန်တိုင်းတခု” ပမာဖြစ်သည်ဟု ကုလသမဂ္ဂက ပြောဆိုသည်။ လတ်တလောတွင် ကိုဗစ်-၁၉ အတည်ပြုလူ နာ ၂၀၀,၀၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူ အရေအတွက်မှာ တိုးလာနေသည်။ အာဏာသိမ်း စစ်အာဏာရှင်များသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာအလုံးစုံအား ထာဝရယူလိုသည် ကလွဲ၍ ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ခြင်းမရှိသဖြင့် လူထုမှာ အောက်စီဂျင်နှင့် တကိုယ်ရေ အ ကာအကွယ်သုံး ကျန်းမာရေးပစ္စည်းများအပါအဝင် အသက်ကယ်ဆယ်ရေး အထောက်အပံ့များကို လက်လှမ်းမီ ရယူနိုင်ခြင်း မရှိပေ။
ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပိုမိုလိုအပ်လာသည့်အတွက် ဈေးမှာလည်း ထိုးတက်သွားပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု အခြေခံအဆောက်အအုံအပေါ် နောက်ထပ် ခြိမ်းခြောက်မှု ဖြစ်လာ သည်။ တိုင်းပြည်အနှံ့ရှိ ပြည်သူများမှာ ဆေးဆိုင်များရှေ့တွင် အကိုက်အခဲပျောက်ဆေး၊ ချောင်းဆိုးပျောက် ဆိုးနှင့် ဗစ်တာမင်စုံဆေးတို့ကို တန်းစီဝယ်သူနေကြပြီး ဆေးများမှာ အချိန်တိုအတွင်း ရောင်းကုန်သွား၍ ဈေးမှာလည်း နှစ်ဆခန့်တက်သွားသည်။ မျက်နှာဖုံးများမှာလည်း လုံလောက်မှုမရှိပဲ သာမန်ပြည်သူများ ဝယ် ယူနိုင်သည့် ဈေးထက်ကြီးမြင့်နေသည်။ သုဿာန်နှင့် မီးသဂြိုလ်စက်များတွင် ရာနှင့်ချီသည့် အလောင်းများ ကို နာရေးကူညီမှုအသင်းများက နေ့စဥ်မှတ်ပုံတင်၍ သဂြိုလ်ပေးနေရသည်။ သေဆုံးသူအများစုမှာ အောက် စီဂျင်ပြတ်လတ်၍ သေဆုံးကြခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်အာဏာရှင်တို့ ၏ ကိုင်တွယ်ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး “ကိုဗစ် တတိယလှိုင်းကို ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည် သူများ၏ ကျန်းမာရေးစောင့်ရှောက်ပိုင်ခွင့်ကို စစ်အာဏာရှင်တို့ က ငြင်းပယ်နေသည်”ဟု ထုတ်ပြန်ခဲ့ သည်။
ND-Burma မှ ယခုစာတန်းငယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်သည်ဆိုသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူ ၄ ချက်အပေါ်တွင် အခြေခံ၍ သုံးသပ်တင်ပြထားသည်။ မြန်မာစစ်တပ်၏ အားနည်းချက်များကို မီးမောင်းထိုးပြထားပြီး ကပ်ရောဂါအပေါ် ၄င်းတို့၏ တုန့်ပြန်ဆောင် ရွက်မှု မရှိခြင်းကြောင့် လူ့အသိုင်းအဝိုင်းအတွင်း အထိခိုက် အနစ်နာအလွယ်ဆုံးသူများကို ကျောခိုင်း ဥပက္ခောပြု ချန်လှပ်ထားသည်။ စစ်ကောင်စီသည် လူသားချင်းစာနာသည့် အကူအညီပေးရေးအဖွဲ့ မဟုတ် သော်လည်း ၎င်းတို့လက်ထဲတွင် အရေးပေါ်ကူညီ ကယ်ဆယ်နိုင်သည့် ပစ္စည်းကရိယာနှင့် အရင်းအမြစ်များ ရှိနေသည်။ ကျန်းမာရေးသည် လူ့အခွင့်အရေးဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ ကျန်းမာရေးစောင့် ရှောက် ပိုင်ခွင့်၊ ကုသခံပိုင်ခွင့်နှင့် အန္တရာယ် တစုံတရာမရှိပဲ အရင်းအမြစ်ရရှိခွင့်တို့ကို စစ်အာဏာရှင်တို့က ထိန်းချုပ်ဖယ်ရှားနေသည်။