အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်-၁၉ ကာကွယ်ကုသရေးဆိုင်ရာ ဆေး၀ါး၊ ကာကွယ်ဆေးများ၊ အောက်ဆီဂျင်နှင့် တစ်ခြားသော ကာကွယ်ကုသရေးဆိုင်ရာ ပစ္စည်းများ အပါအ၀င် ကိုဗစ်ထိန်းချုပ်ကုသရေးကို အရပ်သားပြည်သူများမရရှိအောင် တားဆီးပိတ်ပင်ထားဆဲဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားဒေသများတွင် ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသည်။ အရေးပေါ်လိုအပ်လျက်ရှိသော ဆေး၀ါးပစ္စည်းများကို တားဆီးပိတ်ပင်မှုကြောင့် ပြည်သူများသည် ဆေး၀ါးများကို စျေးကြီးပေး၀ယ်နေရသည်။ အကြမ်းဖက်စစ်ကောင်စီသည် ကိုဗစ်-၁၉ ကပ်ရောဂါအတွက် တုန့်ပြန်ဆောင်ရွက်ခြင်းမရှိပါ။ နိုင်ငံတကာမှ ကြား၀င်ဆောင်ရွက်ပေးရန် အရေးပေါ်လိုအပ်သည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။