ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် မြန်မာပြည်သူတို့ဘ၀ကို ဆိုး၀ါးစွာထိခိုက်စေမှုသည် အကြမ်းဖက်စစ်ကောင်စီ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုနှင့် ပြည်သူအား ကာကွယ်လိုစိတ်မရှိကြောင်းကို ဆက်လက်သက်သေပြနေသည်။ အသက်ကယ်ဆယ်ရေးဆိုင်ရာ ဆေး၀ါးနှင့် ပစ္စည်းများ ပိတ်ပင်ထားဆီးခံနေရပြီး ကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ ပြတ်လပ်နေသည်။သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ဆေး၀ါးပစ္စည်းများကို လက်၀ါးကြီးအုပ် ထိန်းချုပ်သိုလှောင်ပြီး မိမိ၏ကိုယ်ကျိုးအတွက်သာ စိတ်၀င်စားသည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။