တရားမျှတမှုစာစောင် (ဇူလိုင်)

ယခုလတွင်လည်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘာတူစာချုပ်(NCA) ကိုမသိကျိုးကျွန်ပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ သည်လည်း တိုးတက်ပြောင်းလဲမှုမရှိသည် ကိုတွေ့ရှိရသည်။ ရှမ်းပြည်မြောက် ဘက်ပိုင်းတွင် မြန်မာ့တပ်မတော်၏ စစ်ရေးလုပ်ရှားမှုတိုးချဲ့လာခြင်းကြောင့် ပဋိပက္ခများ တိုးလာလျက်ရှိပြီး အရပ် သား ပြည်သူများ၏ အခွင့်အရေးမှာလည်း လျစ်လျှူရှုခံနေရဆဲဖြစ်သည်။ ရခိုင်နှင့်ချင်းပြည်နယ်များတွင် ပဋိပက္ခများဆက်လက် ဖြစ်ပွားနေသည်ကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခကြောင့် အခြေခံလိုအပ်ချက်များမရရှိသည့် နေရပ်စွန့်ခွါ ထွက်ပြေးသူများ၏ အရေအတွက်မှာလည်း လျော့နည်းလာမည့် အရိပ်လက္ခဏာ မတွေ့ရဘဲ တိုးလာလျက်ရှိသည်။ COVID-19ကူးစက်ရောဂါကာလအတွင်း လူသားခြင်းဆိုင်ရာ စာနာထောက်ထားမှုအကူအညီပေးရေးများကို တားဆီး ပိတ်ပင်ခြင်းများသည် ပြည်သူများကို ပို၍ဆိုး၀ါးကြပ်တည်းသောအခြေအနေကို     ဖန်တီးစေ ခဲ့သည်။

အစိုးရ၏ အခြေခံအခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုထိန်းသိမ်း ရန်အားနည်းလာသည်ကို  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ(UPR)သို့ အခွင့်အရေးလုပ်ရှားသည့်အဖွဲ့အစည်း များဖြစ်သော ND-Burma အပါအ၀င် ALTSEAN Burma, AASYC အသံစသည့် အဖွဲ့အစည်း တော်တော်များများသည် အမုန်းစကားနှင့် ဒီမိုကရေစီအားနည်းလာခြင်းနှင့်အရပ်ဖက်လူမှုအသိုင်းအ၀ိုင်း ၏အခန်းကဏ္ဍ ဒုက္ခသည်နှင့်ပြည်တွင်း ရွေ့ပြောင်း ဒုက္ခသည်များစသည့် အစီရင်ခံစာများကို တင်သည်ကို ကြည့်ခြင်း အားဖြင့်သိရှိနိုင်သည်။ အစီရင်ခံစာများသည် ယခင် အစိုးရကာလအတွင်း ပေးထားသည့်ကတိက၀တ်များကို ပြန်လည်ထောက်ပြသည့် အသံများဖြင့်ပဲ့တင် ထပ်နေသည်။ မြန်မာအစိုးရမှလူ့အခွင့်အရေးကာကွယ်မြင့်တင်သူများနှင့် လူနည်းစုဘာသာရေး အဖွဲ့များ၏အခွင့်အရေးများကို ကာကွယ်သော၊ ပြုပြင်ပြောင်းလဲရန်လိုအပ်သော ဥပေဒများအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ခဲ့ရသည်။ အရပ်သားပြည်သူများသည် မြန်မာစစ်တပ်၏ သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း နှင့် အိုးအိမ်စွန့်ခွါထွက်ပြေးခြင်း စသည့် အန္တရာယ်ရှိသော လူ့အခွင့်အရေးချိုး ဖောက်မှတ်တမ်းများကိုလည်း လေ့လာတွေ့ရှိခဲ့သည်။ ALTSEAN-Burma ၏ အဆိုအရ ၂၀၂၀နှစ်၀က် အတွင်းတွင်ပင် တိုက်ပွဲ သို့မဟုတ် အရပ်သား ပြည်သူများကို တိုက်ခိုက်မှု ၆၀၈ကြိမ် ဖြစ်ပွားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် တိုက်ပွဲများသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ခုတွင်ဖြစ်ပွားခဲ့ပြီး သတ်ဖြတ်ခြင်း၊ အတင်းအကြပ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေမှု နှင့် အတင်းအကြပ် ရွေ့ပြောင်း စေမှုတို့ ပါ၀င်သည်။ အပစ်ခတ်ရပ်စဲရေးနှင့် စေ့စပ်ညှိနှိုင်းမှုများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မြန်မာ့တပ်မတော်မှ ကြိုးစားအားထုတ်မှုမရှိလျှင် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဥ်မှာ ဆက်လက်ပြီး လျစ်လျှူရှုခံ အလှမ်း၀ေး နေဦး မည်ဖြစ်သည်။

ရခိုင်ပြည်နယ်

ယခုနှစ်အစတွင်ပင် မြန်မာ့စစ်တပ်၏လက်ချက်ဖြင့် အရပ်သားပြည်သူများသေဆုံးမှုသည် အနည်းဆုံး ၂၉ မှု ဖြစ်ပွားခဲ့ ပြီး အများစုမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည်။ အရပ်သားပြည်သူအများစုမှာ သက်သေမခိုင်လုံဘဲ ရခိုင်တပ်မတော် (AA)နှင့် အဆက်သွယ်ရှိသည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းများကိုခံရသည်။ ရသေ့တောင် ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ဇူလိုင်လအစောပိုင်းကာလက မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) တို့ အကြားတိုက်ပွဲများ ပိုမို ပြင်းထန်လာခဲ့သည်။

မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေးကြေငြာပြီးသည့်နောက် အရပ်သားပြည်သူများသည် အိုးအိမ်စွန့်ခွါထွက် ပြေးရ၂ ဇူလိုင် ၂၀၂၀

 မြန်မာ့တပ်မတော်မှ ရခိုင်တပ်မတော်(AA)အား ထိုးစစ်ဆင်ရန်ပြင်ဆင်မှုများကြောင့် ရသေ့တောင်မြို့နယ်ရှိ အရပ်သား ပြည်သူ ၁၀၀၀၀ကျော် သည်မိမိတို့၏ အိုးအိမ်များကိုစွန့်ခွါ ထွက်ပြေးကြရသည်။ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျ တို့မှသံတမန်များသည် မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများကို ပစ်တင်ရှုတ်ချခဲ့သည်။

မြေမြှုပ်မိုင်းကြောင့်အမျိုးသားတစ်ဦး ဒဏ်ရာရ ၊ ၁၁ ဇူလိုင် ၂၀၂၀

မြေမြှုပ်မိုင်းကြောင့် သေဆုံးခဲ့ရသည့်အရပ်သားကြောင့် မြန်မာပြည်အနောက်ဖက်တွင် နေထိုင်သောပြည်သူများ မှာ မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်နေကြရသည်။ အချိန်မှီဆေး၀ါးကုသခွင့် မရရှိခြင်းကြောင့် ဒဏ်ရာရ အမျိုးသားသည် သွေးထွက်လွန်သေဆုံးသွားခဲ့သည်။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့်သေဆုံးမှုတို့သည် ရခိုင် ပြည်နယ်တွင် မကြာခဏတွေ့ကြုံနေရသည့်အရာဖြစ်ပြီး မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်(AA) အကြားတိုက်ပွဲ များကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသည်။

ရခိုင်အမျိုးသမီးက မြန်မာ့တပ်မတော်သား၏ အုပ်စုဖွဲ့အဓမ္မပြုကျင့်ခံရဟု စစ်တွေရဲစခန်းတွင်အမှုဖွင့်၊ ၁၃ ဇူလိုင် ၂၀၂၀

ရသေ့တောင်မြို့နယ်မှအမျိုးသမီးတစ်ဦးသည် တပ်မတော်သားသုံးဦး၏ အဓမ္မပြုကျင့်ခံခဲ့ရသည်ဟု စစ်တွေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ဖြစ်စဥ်နှင့်ပတ်သက်ပြီးပြောကြားရာတွင် ပြုကျင့်ခံရသူ အမျိုးသမီးမှ ကျွန်မအမှန်တရားကို ဖော်ထုတ်ချင်၍ ရဲစခန်မှာအမှန်တရားကို ပွင့်ပွင့်လင်းလင်းပြောပြီး အမှုဖွင့်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်း (၁၀၀) ကျော်မှ အဆိုပါ အဓမ္မမှု နှင့်ပတ်သက်၍ သဘောထား ထုတ်ပြန် ချက် ကိုထုတ်ပြန်ခဲ့ပြီး ထိုထုတ်ပြန်ချက်တွင် တရားမျှတမှုရရှိရန်အတွက် လွတ်လပ်သည့်ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး အမှုမှန်ကိုဖော်ထုတ်၍ ကျူးလွန်သူများအား အမြန်ဆုံးအရေးယူပေးရန် တောင်းဆိုထား ပါသည်။ 

ရသေ့တောင်တွင် ရခိုင်အမျိုးသမီးနှစ်ဦးမှ သေနတ်ပစ်ခံရ၍ သေဆုံး ၊၁၄  ဇူလိုင် ၂၀၂၀

ရသေ့တောင်ဒေသရှိ အသက် ၃၇ နှင့် ၄၈ နှစ်အရွယ်ရှိရခိုင် အမျိုးသမီးနှစ်ဦးသည် မြန်မာ့တပ်မတော်က ကျေးရွာ တွင်းရှိ အိမ် ၄ အိမ်ကိုပစ်ခတ်မှုကြောင့် ပုန်းခိုနေစဥ်တွင် ပိတ်မိနေခဲ့ပြီး ဒဏ်ရာရခဲ့သည်။

ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၍ သုံးဦး ဒဏ်ရာရ၊ ၁၄ ဇူလိုင် ၂၀၂၀

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော် နှင့် ရခိုင့်တပ်မတော် (AA) တို့နှစ်ဖက်ပစ်ခတ်မှုကြောင့် အသက် ၇၀ အရွယ်သက်ကြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့သည်။ ရွာသားများ၏ ပြောဆိုချက်အရ တိုက်ပွဲသည် ၂နာရီခန့် ကြာမြင့်ခဲ့သည်။ မြေပြင်ပေါ်ရှိအရပ်ဖက်အဖွဲ့အစည်းများ ၏ပြောဆိုချက်အရ ၂၀၁၈ ကတည်း က စတင်သော မြန်မာ့ တပ်မတော် နှင့် ရခိုင့်တပ်မတော် (AA) အကြား တိုက်ပွဲများကြောင့် လူပေါင်း၂၅၀ ခန့်သေဆုံးပြီး ၆၀၀ ကျော်ဒဏ်ရာရခဲ့သည်။

တိုက်ပွဲကြောင့်နှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ ၊ ၁၆ ဇူလိုင် ၂၀၂၀

ရခိုင်တပ်မတော်နှင့် တိုက်ပွဲဖြစ်နေစဥ်အတွင်း မြန်မာ့တပ်မတော်သည် ကျေးရွာအတွင်း ပစ်ခတ်မှုကြောင့် နှစ်ဦး သေဆုံးပြီး  ၅ နှစ်အောက်ကလေးနှစ်ယောက် အပါအ၀င် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံရသောအမျိုးသားနှစ်ဦးအတွက်မိသားစုမှ ဥပဒေနှင့်အညီဆောင်ရွက်တောင်းဆို၊ ၁၆ ဇူလိုင် ၂၀၂၀

ကျောက်ဖြူမြို့နယ်တွင် မြန်မာ့တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသော အရပ်သားနှစ်ဦးအား ပြန်လည်လွတ်ပေးရန် မိသားစု၀င်များမှ တောင်းဆိုခဲ့ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသောသူများသည် မြန်မာ့တပ်မတော်၏  ညှဥ်ပမ်းနှိပ်စက်ခြင်း ကိုခံကြရသည်။

ဖမ်းဆီးထိန်းသိမ်းခံရစဥ် သေဆုံးမှုအပေါ်မိသားစု၀င်များမှမေးခွန်းထုတ်၊  ၁၇ ဇူလိုင် ၂၀၂၀
ရခိုင်ရွာသားတစ်ဦးသည်  မြန်မာ့တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခံရစဥ်တွင် ကြိုးဆွဲချသေဆုံးခဲ့သည်ဟု စစ်တပ်မှ ပြောဆိုချက်ကို ဖမ်းဆီးခံရသူ၏ ဦးခေါင်း၊ လည်ပင်းနှင့် လက်၀ဲဘက်လက်တွင် တွေ့ရှိရသော သေနတ်ဒဏ်ရာများ ကြောင့် ကြိုးဆွဲချသေဆုံးသည်မှာ မဖြစ်နိုင်ဘဲ တပ်မတော်၏ ဖုံးကွယ်မှုသာဖြစ်ပြီး အသတ်ခံရသည်ဟု မိသားစုမှ ထင်မြင်ယူဆသည်။

ထွက်ပြေးလွတ်မြောက်လာသောအမျိုးသမီးတစ်ဦး နောက်ကျောတွင်သေနတ်ပစ်ခံရ ၊ ၂၂ ဇူလိုင် ၂၀၂၀

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထွက်ပြေးလားသော ကလေး လေးယောက်၏ မိခင် သည် နောက်ကျောတွင်ပစ်ခတ်ခံခဲ့ရသည်။ ထိုအမျိုးသမီးသည် အသက်ရှင်လွတ်မြောက်ခဲ့ပြီး မြောက်ဦးဆေးရုံတွင် ဆေး၀ါးကုသမှု ခံယူလျှက်ရှိသည်။ မျက်မြင်သက်သေများမှ သေနတ်သံနှင့်ကျဥ်ဆံများသည် နေရာအနှံ့ပျံ၀ဲနေကြောင်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်မှ အမျိုးသမီး သုံးဦးကိုဖမ်းဆီး ထိန်းသိမ်းခဲ့၊    ၂၆ ဇူလိုင် ၂၀၂၀

ကျောက်ဖြူမြို့နယ်ရှိ အမျိုးသမီး သုံးဦးသည် ရခိုင့်တပ်မတော် (AA) နှင့်ပတ်သက်ဆက်နွယ်သည်ဟု စွပ်ခဲခံရပြီး မြန်မာ့တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ မြန်မာ့တပ်မတော်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နှင့် ပုဒ်မ ၅၂ (က) အရတရားစွဲဆိုခဲ့သော်လည်း ဖမ်းဆီးခံရသူများ၏ အခြေအနေကိုရှင်းရှင်းလင်းလင်း မသိရပါ။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ရွားသားလေးဦးဒဏ်ရာရ ၊ ၂၈ ဇူလိုင် ၂၀၂၀

အမ်းမြို့နယ်တွင် လက်နက်ကြီးများ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး နှင့် အမျိုးသား သုံးဦးဒဏ်ရာရခဲ့သည်။ မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် (AA) မကြာခန ဖြစ်ပွားသောတိုက်ပွဲများနှင့် ပဋိပက္ခ ကြား ပိတ်ကျန်ခဲ့သည့် ရွာသားတို့၏ ဘ၀မှာလုံခြုံမှုမရှိပေ။

 

ချင်းပြည်နယ်

ပလက်၀ရှိအရပ်သားပြည်သူများ၏အခြေအနေ ၆ ဇူလိုင် ၂၀၂၀

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ၏ဆက်စပ်အဖွဲ့၀င်ဖြစ်သော ချင်းလူ့အခွင့်အရေးအဖွဲ (CHRO) အဆိုအရ အထွေထွေအုပ်ချုပ်ရေးဌာနနှင့် အစည်း၀ေးသို့ တက်ရောက် ပြီးသည့်နောက် အရပ်သား ၅၀၀ ကျော်ခန့် ပလက်၀တွင် ပိတ်မိနေခဲ့ကြသည်။ အစည်း၀ေးအတွက် လွတ်လပ်စွာ ခရီးသွားခွင့်ပေးထားသော်လည်း နေရပ်သို့ ပြန်ရန် တားမြစ်ခြိမ်းခြောက်ခံရသည်။

အမ်းမြို့နယ်ရှိ အိုးအိမ်စွန့်ခွာစစ်ဘေးရှောင်များတွက် ခိုလှုံစရာနေစရာများမရှိ ၊ ၁၇ ဇူ လိုင် ၂၀၂၀

မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော်ကြား တိုက်ပွဲများကြောင့် အသစ်ရောက်ရှိလာသော စစ်ဘေးရှောင်များ အတွက် မြို့ပေါ်ရှိ စစ်ဘေးရှောင်စစ်စခန်းများတွင် နေရာမလောက်ငှသောကြောင့် အားကစားရုံတွင် နေထိုင်ခဲ့ကြရသည်။ စစ်ပဋိပက္ခ၏ အကျိုးဆက်ကို အရပ်ဘက်ပြည်သူများမှ ခံစားနေရသည်။

ရှမ်းပြည်နယ်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ စစ်အင်အားတိုးချဲ့မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်ရှိ ပြည်သူများမှ မတရားဖမ်းဆီးချုပ်နှောင်ခံရခြင်း၊ အတင်အဓမ္မ လုပ်အားပေးခံရခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန် ခံရမည်ကိုစိုးရိမ်ကြသည်။ စစ်တပ်သည် အပစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနေသည့်အတွက် အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများသည် တရားမျှတမှုမရရှိပေ။ ဤလတစ်လထဲ တွင်ပင်  ရှမ်းပြည်တပ်မတော် (RCSS) နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲ အကြိမ် ၂၀ ကျော်ဖြစ်ပွား ခဲ့သည်။

အရပ်သားများ မြန်မာ့တပ်မတော်၏ ရိုက်နက်မှုကိုခံရခြင်း ၊ ၃ ဇူလိုင် ၂၀၂၀

 ရှမ်းပြည်တမ်မတော် (RCSS) နှင့်မြန်မာ့တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် အသက် ၆၀ အရွယ်ရှိအရပ်သား မှ မြန်မာစစ်သား၏ မတရားရိုက်နှက်မှုကိုခံခဲ့ရသည်။

ဗုံးပေါက်ကွဲမှုကြောင့် လယ်သမားများဒဏ်ရာရ ၊ ၁၁ ဇူလိုင် ၂၀၂၀

ပြီးခဲ့သည့် ရက်သတ္တပတ်က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်တွင် ပေါက်ကွဲ မှုကြောင့် လယ်သမား ခုနှစ်ဦး ဒဏ်ရာရ ခဲ့သည်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာစစ်တပ်ကြား တင်းမာမှု ဆက်လက်ဖြစ် ပွားနေချိန်တွင် မြန်မာစစ်တပ်၏ အရပ်သားဒေသများတွင် စစ်အင်အားတိုးချဲ့မှုသည် ပြည်သူများအားစိုးရိမ် ကြောက်ရွံ့ မှုများ ပိုတိုးလာစေခဲ့သည်။

မြေမြှုပ်မိုင်းကြောင့်ရွာသားများဒဏ်ရာရ၊  ၁၂ ဇူလိုင် ၂၀၂၀

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

 ၁၂ ဇူလိုင် ၂၀၂၀ တွင် မိုင်ယုလေးရွာ ကွတ်ခိုင်မြို့နယ် မူဆယ်ခရိုင် ရှမ်းပြည်မြောက်ပိုင်းတွင်နေထိုင်သော ဦးအိုက်လမ် သည် မျှစ်များသွားချိုးစဥ် မြေမြှုပ်မိုင်းကြောင့် ပြင်းထန် စွာဒဏ်ရာရခဲ့သည်။ ဒေသခံကျေးရွာသား၏ အဆိုအရ ထိုသို့ မဖြစ်မီက တအာင်းအမျိုးသားတပ်မတော် (TNLA) နှင့် မြန်မာစစ်တပ်ကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း မည်သူမျှ ဦးအိုက်လမ် မျှစ်သွားချိုးသည်ကို မသိခဲ့ပါ။ နမ့်ဖက်ကာမှ လူမှုကူညီရေးအဖွဲ့မှ နမ့်ဖက်ကာ ဆေးရုံသို့ ပို့ဆောင်ပေးပြီးနောက် ဒဏ်ရာပြင်းထန်သောကြောင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဦးအိုက်လမ်သည် (အသက်၃၀နှစ်) ကလေးသုံးယောက်၏ ဖခင်ဖြစ်သည်။ ထိခိုက်ဒဏ်ရာများကြောင့် မိသားစုစား၀တ်နေရေး ကျန်းမာရေး နှင့်ပညာရေးတို့အတွက် ထောက်ပံ့ရန် အခက်အခဲဖြစ်စေသည်။

ရှမ်းလူ့အခွင့်အရေးအဖွဲ့ (SHRF) မှ မြန်မာ့တပ်မတော်၏ ချိုးဖောက်မှုများကိုရှုတ်ချ ၊ ၁၃ ဇူလိုင် ၂၀၂၀

ဇွန်လ ၂၉ ရက်တွင် မြန်မာ့တပ်မတော်မှ ညှဥ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာရ၊ သေဆုံးသွားသော ကျောက်မဲရွာသား များအတွက် တရားမျှတမှုရရှိရန် ဇူလိုင်လ၁၀ ရက်နေ့တွင်ကျောက်မဲ ဒေသခံများကတောင်းဆိုခဲ့သည်။ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားခြင်းကို SHRF အဖွဲ့မှရှုတ်ချပြီး တရားမျှတမှုတောင်းဆိုသည့်  ဒေသခံများ အား တရားစွဲဆိုခြင်းကို ရုပ်သိမ်းရန်တောင်းဆိုထားသည်။ ဇွန်လအတွင်း မြန်မာ့တပ်မတော်မှ အင်အား ၈၀၀ ကျော် တပ်စွဲလာမှုကြောင့်အဓမ္မပြောင်းရွေ့ပြောင်းခံရခြင်းနှင့် COVID-19ကူးစက်ရောဂါ ကန့်သတ်ရေးအတွက် စိုးရိမ်မိ ကြောင်းပြောကြား SHRFမှဖော်ပြထားသည်။တိုက်ပွဲအများစုသည် နမ္မတူမြစ်ပေါ်ရှိ အထက်ရဲရွာလျှပ်စစ်ဓါတ် အားပေး စက်ရုံတည်ရှိရာတွင်ဖြစ်ပွားသည်မှာအဲ့သြစရာမဟုတ်ကြောင်း SHRF မှလေ့လာဖော် ပြထား သည်။

ကျောက်မီးသွေးတူးဖော် ရေးကုမ္ပဏီ က ရှမ်းပြည်တောင်ပိုင်းရှိ ရွာသားများအား ဖိအားပေး ၊ ၁၄ ဇူလိုင် ၂၀၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်ရှိ ကျေးရွားသားများသည် သဘာ၀ပတ်၀န်းကျင်နှင့် ကျန်းမာရေး ကို ထိခိုက်နိုင်သော  ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းကို လက်ခံရန်ဖိအားပေးခံကြရသည်။

သီးနှံရိတ်သိမ်းချိန်ကာလတွင် ရှမ်းပြည်မြောက်ပိုင်းမှ အရပ်သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ၊ ၁၇ ဇူလိုင် ၂၀၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပစ်ခတ်သံများ နေ့စဥ်ဖြစ်ပွားလျှက်ရှိပြီး ရွားသားများသည် ပုံမှန်ဖြစ်ပွားလျက် ရှိသော တိုက်ပွဲသံများကြောင့် နီးစပ်ရာမြို့နယ်များရှိ ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးခိုလှုံကြရသည်။ ပစ်ခတ်မှုဖြစ်ပွား သည့် နေရာသည်အစိုးရတပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်း ပြည်တပ်မတော် (RCSS/SSA) လှုပ်ရှားရာ ဒေသဖြစ်ကြောင်း သိရသည်။

RCSS/SSA တပ္သား မှ တအာင်းအမျိုးသမီးငယ်အား မုဒိမ်းပြုကျင့်မှုဖြစ်ပွား ၊ ၁၇ ဇူလိုင်၂၀၂၀

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၇ရက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်း ပြည်တပ်မတော် (RCSS/SSA)မှ တပ်သား စိုင်းအိုက်ဖသည် ရှမ်းပြည်မြောက်ပိုင်း ညောင်ပန်လကျေးရွာ ချောင်းစာကျေးရွာအုပ်စု နမ္မတူမြို့နယ် ကျောက်မဲ ခရိုင်တွင် အမျိုးသမီးငယ်တစ်ဦး ယာခင်းမှအပြန် နေ့လည် ၁၂ ခန့်တွင် မုဒိမ်းပြုကျင့်ခဲ့သည်။ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီးငယ်လေး၏ ဖခင်မှ ယခုကဲ့သို့မုဒိမ်းပြု ကျင့်ခံရမှုသည် မိမိ၏သမီးသာမက တစ်ခြားသော အမျိုးသမီးများ သည်လည်း မကြာခဏ ရင်ဆိုင်တွေ့ကြုံရသောကြောင့် RCSS/SSA မှ ရွာတွင် အခြေချသော မိမိတို့၏ တပ်သားများ အားသေချာထိန်းသင့်သည်ဟု ပြောကြားခဲ့သည်။ တစ်ချို့အမှုကျူးလွန်သော တပ်သားများမှာ အပစ်ပေးအရေးယူခံ ရသော်လည်း တစ်ချို့မှာ မိမိတို့ချိုးဖောက်ခဲ့သော ပြစ်မှုများအတွက် အပစ်ပေး အရေးယူခံရခြင်းမရှိပါ။ မုဒိမ်းပြုကျင့်ခံရသော အမျိုးသမီး ယ် ၏ မိခင်မှာလည်း ရွာသို့ မပြန်ရဲပဲ ပြန်ခဲ့ရင်လည်း လုံခြုံမှုမရှိဟု ပြောကြားခဲ့သည်။

၂၀၂၀ ဇူလိုင်လ ၁၃  တွင် တအာင် လူမှုအဖွဲ့အစည်းများနှင့် ရှမ်း/တိုင် လူမှုအဖွဲ့အစည်းတို့မှ အမှုဖြစ်ပွားသော ဒေသတွင် တာ၀န်ရှိသော နမ္မတူမြို့နယ် ရေဦးရွာရှိ RCSS/SSA မှတာ၀န်ခံနှင့် တွေ့ဆုံရန်တောင်းဆိုခဲ့သည်။ RCSS/SSA မှ တွေ့ဆုံရန် မတက်ရောက်ခဲ့သည့်အပြင် လာရောက်တွေ့ဆုံရန် ကြိုးပမ်းခဲ့သည့် လူမှုအဖွဲ့အစည်းများကို ခြိမ်းခြောက်ခဲ့သည်။

မိုင်းပေါက်ကွဲမှုကြောင့် ဘုန်တော်ကြီးအပါအ၀င်ရွာသားများသေဆုံး ၊ ၁၇ ဇူလိုင် ၂၀၂၀

ရှမ်းပြည်မြောက်ပိုင်းတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး နှင့်ရွာသား တစ်ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းသန့်ရှင်းရေးလုပ်နေသော ကိုယ်ရင်တစ်ပါးထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မတည်ငြိမ်မှုများ ပျက်ဆီးမှုများဆက်လက်ဖြစ်ပွားနေသည်။ ထိုဒေသတွင်အခြေစိုက်သောတအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အား မိုင်းများကိုဖယ်ရှင်းပေးရန် ဒေသခံများမှတောင်းဆို ခဲ့သည်။

ကွတ်ခိုင်မြို့နယ်ရှိ ပါနင်ကျေးရွားသား မိုင်းနင်းမိမှုကြောင့် သေဆုံး ၊ ၁၉ ဇူလိုင် ၂၀၂၀

ND-Burma ကွန်ရက်အဖွဲ့၀င် TSYU ထံမှရရှိသော အချက်အလက်

ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် ပါနင်ကျေးရွာတွင် ကျွဲရောင်းရန်သွားသော အသက် ၂၉) နှစ် အရွယ် မိုင်းအိုက်ဝေါင်းသည် မန်လွယ်ရွာအနီးတွင် မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ မန်လွယ် ကျေးရွာဒေ သခံတစ်ဦးက ပြောပါတယ်။ ကျေးရွာဒေသခံ၏အဆိုအရ မိုင်းအိုက်၀ေါင်းနင်းမိသောမိုင်းသည် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ထောင်ထားသော မိုင်းဖြစ်သည်။ ထိုမိုင်းများအနက်တစ်ခုကို မြန်မာတပ်မတော်မှ နင်းမိပြီးကျန် တစ်ခုကို မိုင်းအိုက် ၀ေါင်းမှ နင်းမိကာကျန်တစ်ခုကို TNLA မှ ပြန်လည်ဖယ်ရှား ခဲ့သည်။ TNLA မှ အရပ်သား ဒေသတွင် မိုင်းထောင်ထားခြင်း နှင့်ပတ်သက်၍သတိပေးရန်ပျက်ကွက်ခဲ့ပြီး ဤအမှုတွင် တာ၀န်ယူမှု တာ၀န်ခံမှုမရှိခဲ့ပေ။ မိုင်းအိုက်၀ေါင်းတွင် သမီးနှစ်ဦးရှိပြီး တစ်ဦးမှာ လေးလသားအရွယ်သာ ရှိသေးသည်။ မိုင်းအိုက်၀ေါင်းတို့ မိသားစုသည် ဆင်းရဲချို့တဲ့သောကြောင့် ကျန်ရစ်သူမိသားစုသည် စား၀တ်နေရေး အခက်အခဲ များနှင့် ရင်ဆိုင်နေရသည်။

ကျောက်မဲမြို့နယ်တွင် စစ်ဆင်ရေးတိုးပွားလာမှုကြောင့် အရပ်သားများကြောက်ရွံ့ထိတ်လန့် ၊ ၂၂ ဇူလိုင် ၂၀၂၀

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် (RCSS) တပ်များအကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိသောဒေသတွင် မြန်မာ့တပ်မတော်၏ တပ်အင်အားတိုးချဲ့မှုကြောင့် ဒေသခံများသည် စိုးရိမ်မှုများနှင့် ရင်ဆိုင်ရသည်။ တိုက်ပွဲများကြောင့်လယ်သမားများသည် အသက်မွေး၀မ်းကြောင်း အတွက်အခက် အခဲများနှင့်ရင် ဆိုင်ရသည်။

မြန်မာ့တပ်မတော်မှ တောင်သူလယ်သမား ၄၇ ဦးအား စစ်တပ်ပိုင် သိမ်းဆည်းထားသော မြေပေါ်တွင် ပိုင်နက် ကျူးလွန်မှုဖြင့်တရားစွဲဆိုခဲ့ ၂၂ ဇူလှိုင် ၂၀၂၀

ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့တွင် တပ်မတော်မှ တပ်ပိုင်မြေကျူးလွန်မှုဖြင့် ဒေသခံ တောင်သူ ၄၇ ဦးကိုတရားစွဲဆို  ခြင်းအား ရှမ်းလူ့အခွင့်အရေးအဖွဲ (SHRF) မှ  ပြစ်တင်ရှုတ်ချခဲ့သည်။ တပ်သိမ်းမြေပေါ်တွင် တောင်သူများနေ့စဉ် စိုက်ပျိုးရေးလုပ်နေရာသို့ တပ်မှလာရောက် ဟန့်တားသဖြင့် တောင်သူများအတွက် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ နေရကြောင်းလည်း မြေယာသိမ်းဆည်းခံရသည့် တောင်သူများက ပြောဆိုသည်။

ဆီဆိုင်တောင်သူများမှ အစိုးရ၏ လျော်ကြေးငွေကိုငြင်းဆိုခဲ့၊  ၂၂ ဇူလိုင် ၂၀၀၂

ရှမ်းပြည်တောင်ပိုင်းရှိဒေသခံများသည် အစိုးရမှသိမ်းဆည်းထားသော စိုက်ပျိုးမြေများအတွက် လျော်ကြေးငွေကို လက်မခံဘဲ တပ်သိမ်းမြေများကိုအစားထိုးပြန်ပေးရန်နှင့် သစ်တောဖျက်ပြီး ကုန်းမြေမြင့် ယာမြေဖော်ဆောင်မှုများကို ဆီဆိုင်ဒေသခံ များမှကန့်ကွက်ခဲ့သည်။

SSPP/SSA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ဒေသခံများပြောင်းရွေ့ခဲ့ရ၊  ၂၆ ဇူလိုင် ၂၀၂၀

 ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်  SSPP/SSA နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများကြောင့် ဒေသခံများသည် မည်သည့်ပစ္စည်းမှမယူဆောင်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ မြန်မာ့တပ်မတော်အားတိုက်ပွဲပေါင်းအကြီမ် ၂၀ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ပစ်တင်ပြောဆိုခဲ့၊  ၂၈ ဇူလိုင် ၂၀၂၀

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ)  ကိုချိုးဖောက်ပြီး  မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့အကြား တိုက်ပွဲ ပေါင်းအကြိမ် ၂၀ ဖြစ်ပွားမှုကြောင့်  ရှမ်းပြည် မြောက်ပိုင်းတွင်စစ်ဘေးရှောင် ဒုက္ခသည်များ ၁၀၀၀ ခန့် နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ကွတ်ခိုင်ဒေသခံ နှစ်ဦး ရိုက်နှက်ခံရမှုကို အရေးယူပေးဖို့ TNLA ကို ကချင်ပါတီ တောင်းဆို၊ ၂၉ ဇူလိုင် ၂၀၂၀

 ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် ဂါလိုင်ကျေးရွာမှာ ကချင်တိုင်းရင်းသား နှစ်ဦးကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်သားနှစ်ဦးက ရိုက်နှက်ခဲ့မှု နှင့် ပတ်သက်ပြီး စစ်ဆေးအရေးယူပေးဖို့ရန် ဒေသတွင်းရှိ ဒေသခံများအားလုံး လူမျိုးဘာသာမရွေး စောင့်ရှောက်ပေးရန် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) မှတောင်းဆိုခဲ့သည်။

တအောင်းလွန်မြောက်ရေးတပ်မတော် (TNLA) မှ ချိုးဖောက်မှုနှင့်ပတ်သက်၍ အသိပေးရှင်းလင်းခဲ့

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်တွင် ဂါလိုင်တွင်ဖြစ်ပွားခဲ့သော ကျချင်တိုင်းရင်းသားဒေသခံနှစ်ဦးကို TNLA တပ်သားမှ ရိုက်နှက်ခဲ့မှုကို ၀န်ခံပြီး စည်းကမ်းဖောက်ဖျက် ကျူးလွန်သူနှစ်ဦးကို စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး တအာင်းတပ်မတော် ၏စစ်ဥပေဒအရထိထိရောက်ရောက်အရေးယူ မည်ဟုရှင်းလင်းအသိပေးခဲ့သည်။

မိုင်းတုန်မြို့နယ်တွင် မြန်မာ့တပ်မတော်မှ မုဒိန်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့ | ၃၀ ဇူလိုင် ၂၀၂၀

မြန်မာ့တပ်မတော်မှတပ်သားတစ်ဦးသည် လယ်ခင်းထဲ၌အလုပ်လုပ်နေသာဒေသခံ အမျိုးသမီးတစ်ဦးအား မုဒိန်းမှုကျူးလွန်ရန်ကြိုးပမ်းခဲ့သည်။ အမျိုးသမီးမှအော်ဟစ် အကူအညီတောင်းသောကြောင့် တပ်သားသည် အဖမ်းခံရ သော်လည်း လျော်ကြေးနှင့်အကူအညီကို ဒေသခံအမျိုးသမီးက မရရှိခဲ့ပါ။  ကျူးလွန်သူကို အမှန်တကယ်အပြစ်ပေး အရေးယူခြင်းရှိ မရှိကို မသိရဘဲ ပြစ်မှုကျူးလွန်သူများသည် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေသည်မှာလည်း မြန်မာ့ တပ်မတော်၏ အစဥ်အလာတစ်ခုကဲ့သို့ဖြစ်သည်နေသည်ကို လေ့လာတွေ့ခဲ့သည်။

 တောင်သူတစ်ဦးသည် မြေမြှပ်မိုင်း မတော်တဆ ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့| ၃၁ ဇူလိုင် ၂၀၂၀

ကျောက်မဲမြို့တွင်သက်ကြီးတောင်သူ ဦးချစ်မောင်သည် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ   မကြာခဏတိုက်ပွဲဖြစ်နေပြီး ဒေ သခံအရပ်သားများသည် ‌မြေမြှုပ် မိုင်းအန္တရာယ်၏ ခြိမ်းခြောက်မှုကို  အမြဲတစေရင်ဆိုင်နေရသည်။

ကချင်ပြည်နယ်

ကချင်ပြည်နယ်တွင်မြေပြိုမှုကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံးမှု | ၂ ဇူလိုင် ၂၀၂၀

ကျောက်မြက်ရွှေ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တွင်ဖြစ်ပွားခဲ့သော မြေပြိုမှုတွင် လူပေါင်း၁၇၂ ဦးသေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။ ကချင်ပြည်နယ်မြောက်ပိုင်းတွင် ထွက်ရှိသောကမ္ဘာကျော် ကျောက်စိမ်း သည် ကမ္ဘာပေါ်တွင် တန်ဘိုးအမြင့်ဆုံးဖြစ်ပြီး ထုတ်လုပ်မှုမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာဘီလီယံ ၃၀ ကျော်ခန့် တန်ဘိုးရှိသည်။ မြန့်မာ့တပ်မတော်၊ ထိုဒေသရှိဒေသခံများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများအကြား ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီးအငြင်းပွားပဋိပက္ခဖြစ်ပွားရာနေရာလည်းဖြစ်သည်။

ကချင်အရပ်ဖက်အဖွဲ့အစည်းများသည် ဖာကန့်ကျောက်စီမ်းတူးဖော်ရေးတွင် ၀မ်းနည်းကြေကွဲဖွယ်ကောင်းသော သေဆုံးမှုကိုဖြစ်စေသာ အခြေအနေကိုမေးခွန်းထုတ်ခဲ့ပြီး လိုင်စင်ရ လူသတ်ကွင်းကိုရပ်တန့်ရန်နှင့်သဘာ၀သယံဇာတ ချိုးဖောက်မှုများကိုရပ်တန့် ရန်တောင်းဆိုခဲ့ကြသည်။

ဆယ်ကျော်သက် ရှမ်းနီလူငယ်နှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှဖမ်းဆီးသတ်ဖြတ်| ၂၄ ဇူလိုင် ၂၀၂၀

ရှမ်းနီ ဆယ်ကျော်သက် ကျောင်းသားနှစ်ဦး ကချင်လွတ်မြောက်ရေးတပ်မတော်၏ (KIA) ဖမ်းဆီးထိန်းသိမ်းခံရစဥ် သတ်ဖြတ်ခံခဲ့ရသည်။  ထိုလုပ်ရပ်အပေါ် KIA ဘက်က ဝန်ခံခဲ့ကာ ကျူးလွန်သူများကို ဖမ်းဆီးအရေးယူ သွားမည် ဖြစ်ပြီး သေဆုံးသူများအတွက် မိသားစုဝင်များထံ လျော်ကြေးငွေ ပေးလျော်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ရှမ်းနီအဖွဲ့စည်းများမှ ရှမ်းနီ နှင့် ကချင် အသိုင်းအ၀ိုင်းကြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းမပြုလုပ်ခြင်းအားဖြင့် လူမျိုးစုပဋိပက္ခ ရှောင်ရှားရန် (KIA) အားတောင်းဆိုခဲ့သည်။

ကရင်ပြည်နယ်

ဖာပွန်ခရိုင်တွင် ယခုနှစ်အတွင်း တပ်မတော် ပစ်ခတ်မှုကြောင့် အရပ်သား ၂ သေ၊ ၅ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ဖာပွန်ခရိုင်တွင် မြန်မာ့တပ်မတော်၏ ပစ်ခတ်မှုကြောင့် ကရင်ရွာသားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်။ မြန်မာစစ်တပ်သည် ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေတွင် စစ်ရေးလှုပ်ရှားမှု လုပ်လျက်ရှိပြီး  အရပ်သား များကိုမရှောင်ဘဲပစ်ခတ်မှုတွင်တာ၀န်ရှိသည်။

ကရင်အမျိုးသမီးတစ်ဦးသည် မြန်မာ့တပ်မတော်၏ ပတ်ခတ်မှုကြောင့်သေဆုံး ၁၆ ဇူလိုင် ၂၀၂၀

မူတြော်ခရိုင်တွင် မြန်မာ့တပ်မတော်မှ တပ်သားနှစ်ဦးသည် ကရင်အမျိုးသမီး နော်မုနော် အား သေနတ်ဖြင့် အနီးကပ် သုံးချက်ပစ်သတ်ခဲ့သည်။ ကရင်လူ့အခွင့်အရေးအဖွဲ့များမှ မြန်မာ့တပ်မတော်အား အရပ်သားဒေသများမှ ချက်ခြင်း ဆုတ်ခွာရန်တောင်းဆိုခဲ့ကြသည်။ ကရင်အမျိုးသမီးအစည်းအရုံး (KWO), ကရင်ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက် (KPSN)၊ ကရင်လူ့အခွင့်အရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံးတို့မှ နော်မုနော်သေဆုံးမှုအတွက် တောင်း ဆို  မှုများ ပြုလုပ်ခဲ့သည်။  ကရင်ရွာသားများသည်လည်း မြန်မာစစ်တပ်ရှေ့တွင် မိမိတို့ဒေသမှရုပ်သိမ်း ထွက်ခွါ ပေးရန် နှင့် ရွာသားတို့အား ပစ်မှတ်ထား တိုက်ခိုက်မှုများ ကိုရပ်တန့်ရန်တောင်းဆိုခဲ့ကြသည်။ မြန်မာစစ်တပ်မှ စစ်သားနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ထိထိရောက်ရောက်အရေးယူမည်ဟု ပြောကြားခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန မှရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခြင်းသည် ရခိုင့်တပ်မတော် (AA)၏ အကြမ်းလုပ်ငန်းများကိုထိန်းချုပ်ရန်၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဆိုသော်လည်း မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ပြချက်များ ကိုမူ လျစ်လျှူရှု ခဲ့သည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုး၀ါးလာမှုနှင့်ပတ်သက်၍ အစီရင်ခံစာထုတ်ပြန်

၁၈ ဇူလိုင် ၂၀၂၀တွင် အသံ-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့မှ အစိုးရသက်တမ်း ၄ နှစ် အတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့်ပတ်သက်၍ “အချိန်မှီပြင်ဆင်ခွင့်” သုတေသန အစီရင်ခံစာကို ဖော်ထုတ်တင်ပြခဲ့သည်။ အစီရင်ခံစာအရ လွတ်လပ်စွာပြောဆိုခွင့်နှင့်ပတ်သက်၍ လူပေါင်း ၁၀၅၁ ဦး ဖမ်းဆီးအရေး ယူခံခဲ့ရသည်။

၂၂ ဇူလိုင် ၂၀၂၀  အာရှစင်တာ (Asia Centre) မှထုတ်ပြန်သော “အရှေ့တောင်အာရှမှ အမုန်းစကားများ” အစီရင်ခံစာ သစ်အရ နှစ်ကြာရှည် ခွဲခြားဆက်ခံဆံခြင်းနှင့် မြန်မာပြည် မှမွတ်ဆလင်အသိုင်အ၀ိုင်းကိုပစ်မှတ်ထားသော အမုန်းစကား လှုံ့ဆော်မှုများကို လေ့လာတွေ့ရှိခဲ့ပြီး အာဆီယံနိုင်ငံများကို လူမှုရေး၊ လူမျိုးရေး နှင့်ဘာသာရေး သဟဇာတ ဖြစ်စေ မည့်ဥပဒေမျာကို ဖောဆော်ရန် တောင်းဆိုခဲ့သည်။

အင်တာနက်ဖြတ်တောက်မှုကို ဆန္ဒပြသောလူငယ် ခေါင်းဆာင်ဖမ်းဆီးခံရ |၂၆ ဇူလိုင် ၂၀၂၀

ရခိုင်ကျောင်းသားသမဂ္ဂမှ လူငယ်ခေါင်းဆောင်များသည် ချင်းပြည်နယ် ပလက်၀နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် တစ်နှစ်ကျော်အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် ငြိမ်းချမ်းစွာဆန္ဒပြမှု ကြောင့် ငြိမ်းချမ်းစွာစုစည်းခွင့်၊ စု၀ေးခွင့်၊ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၉ အရ ထောင်ဒဏ်တစ်လ ချမှတ်ခံခဲ့ရသည်။

အဖွဲ့၀င်များ၏ နောက်ဆုံးရသတင်းများ

  • ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) မှရခိုင်ပြည်နယ်အတွင်းရှိ ချင်းပြည်သူများ အတင်းအဓမ္မ ပြောင်းရွေ့ခံရမှု ကြောင့် စား၀တ်နေရေးပြဿနာများနှင့် ရင်ဆိုင်ရသောအခြေအနနှင့် မြန်မာ့တပ်မတာ်နှင့် ရခိုင့်တပ်မတော် (AA) တို့အကြားတိုက်ပွဲများအကြား အစားအသောက်နှင့်လူသားခြင်းစာနာထောက် ထားမှုဆိုင်ရာ အထောက်အပံ့များလိုအပ်ကြောင်းတင်ပြသည့်အစီခံစာ ထုတ်ပြန်ခဲ့သည်။ တစ်ခြားသောနောက်ဆုံး ရ သတင်း မှာ ချင်းပြည်သူများ၏ ခြံမွေးတိရိစ္ဆာန်များ ကို မြန်မာ့တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
  • ယခုလအတွင်းတွင်ပင် အထွေထွေအုပ်ချုပ်ရေး ဌာနတွင်အစည်းအ၀ေးတက်ရောက်မှုအပြီး ရွာသား ၅၀၀ ကျော် ပလက်၀တွင် ပိတ်မိနေကြောင်း CHRO မှ ထုတ်ပြန်ခဲ့သည်။ အစည်း၀ေးတက်ရန် သွားလာခွင့်ပြုခဲ့သော်လည်း အစည်းအ၀ေးအပြီး နေရပ်သို့ပြန်ရန် တားမြစ်ပိတ်ပင်ခြင်းခံရသည်။
  • ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်အစည်းအရုံး မှ ဇွန်လအတွင်းဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများကို သုံးသပ်သည့်အစီရင်ခံစာကိုထုတ်ပြန်ခဲ့သည်။ထိုအစီရင်ခံစာတွင် စစ်ဘေးရှောင်များနှင့် လူမှုစီးပွါးရေးရာများအတွက် မူ၀ါဒချမှတ်သူများကို အကြံပြုတိုက်တွန်း ချက်များ ပါ၀င်သည်
  • မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HRFOM) မှ စာရင်းမပါသည့်လက်ဗလာများ အစီရင်ခံစာသစ် ကိုထုတ်၀ေခဲ့သည်။ ထိုအစီရင်ခံစာတွင် COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံတောင်ပိုင်းရှိ နေရပ်စွန့်ခွါထွက်ပြေးတိမ်းရှောင်သူများ၏ အခြေအနေကို သုတေသနပြုသုံးသပ်တင်ပြထားသည်။ ဖတ်ရှုရန် English and Burmese
  • ကချင်အမျိုးသမီးများ အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT)နှင့် အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးအဖွဲ့ (AJAR) တို့သည် မြန်မာနိုင်ငံ၌ တရားမျှတမှု လက်လှမ်းမှီရေးနှင့် ပတ်သက်၍ အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်ခဲ့သည်။“တရားမျှတမှု ရှာဖွေခြင်း– ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသန္တရ တရားရုံးများ၌ ဖြစ်ပေါ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန်ယူ/တာဝန်ခံမှု ရှိစေရေး ဆောင်ရွက်နေကြသည့် လူထုအခြေပြုအရပ်ဘက်အဖွဲ့အစည်းများ၏ အခက်အခဲ၊ အတားအဆီးများနှင့် အခွင့်အလမ်းများအပေါ် သုံးသပ်ထားသည့်အစီရင်ခံစာဖြစ်သည်။
  • လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ရှမ်းပြည်တော်လှန်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် မှတအောင်းအမျိုးသမီးငယ်အား အဓ္ဓမပြုကျင့်ခဲ့ခြင်းနှင့်ပတ်သက်၍ ရှုံ့ချ ပြီး လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးအရပ်သားပြည်သူတို့၏ အသက်နှင့်အိုးအိမ်စည်းစိမ် ပိုင်ဆိုင်မှု များကို လေးစားရန် တိုက်တွန်း တောင်းဆို ခဲ့သည်။
  • ဇူလှိုင် ၂၅တွင် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး ချင်းလူ့အခွင့်အရေးအဖွဲ့သည် US ကမ်ပိန်းမှ ကျင်းပသော စစ်ဘေးရှောင်နှင့် ဒုက္ခသည်များအရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။
  • ကချင်အမျိုးသမီးများ အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ South-East Asia သို့ ဖားကန့်ကျောက်စိမ်းမိုင်း တွင် မြေပြိုမှုကြောင့်အသက်ဆုံးရှုံးခဲ့ရမှုများနှင့် လာမည့်ရွေးကောက်ပွဲ အကြောင်းပြောဆိုခဲ့သည်။
  • လူ့အခွင့်အရေးကွန်ရက် (မြန်မာနိုင်ငံ) ၏အဖွဲ့၀င်များဖြစ်သော တအာင်းကျောင်းသား နှင့်လူငယ်များအဖွဲ့ နှင့် တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့၏ Covid-19 ကာလအတွင်း မြေယာသိမ်းဆည်းမှုနှင့် အကြီးစားစီမံကိန်း အကောင်အထည် ဖော်ဆောင်ခြင်း အပေါ်သဘောထားထုတ်ပြန်ခဲ့သည်။
  •  

အဖွဲ့၀င်များ၏ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) အစီရင်ခံစာ

  • လူအခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)မှ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ပုံမှန်သုံး သပ်ဆွေးနွေးပွဲ UPR သို့ တင်သွင်းသည့် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်ပဋိပက္ခ စာတန်းတွင် မြန်မာနိုင်ငံ တ၀ှမ်းရှိ စစ်ဆင်ရေးများကို ချက်ခြင်း ရပ်တန့်ပေးရန်တောင်းဆိုလိုက်သည်။ သို့မှသာ အရပ်သားပြည်သူ များအား ကာကွယ်ရန် နှင့်အားလုံးပါ၀င်နိုင်သော နိုင်ငံရေးအရ စေ့စပ်ညှိနိုင်းမှုကို စတင်နိုင်လိမ့်မည်ဟု ဖော်ပြထားသည်။
  • ND-Burma အဖွဲ့၀င် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်အစည်းအရုံးမှ မြန်မာအစိုးရနှင့် စစ်တပ်တို့၏ ရခိုင်ပြည်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို UPR သို့ အစီရင်ခံစာ တင်သွင်းခဲ့ သည်။ အစီရင်ခံစာတွင် မြန်မာအစိုးရနှင့်မြန်မာ့တပ်မတော်မှ ရခိုင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး၊ ဌာနေတိုင်းရင်းသားအခွင့်အရေးနှင့် အခြေခံလူ့အခွင့်ရေးများကို ပုံစံမျိုးစုံဖြင့်ချိုးဖောက်နေခြင်း၊ မတရား ဖမ်းဆီးချုပ်နောင်ထားခြင်း၊ မတရားဖမ်းဆီးထိန်းချုပ်ထားစဉ် ညှဥ်းပန်နှိပ်စက်ပြီး သတ်ဖြတ်ခြင်း၊ ရခိုင်ပြည်သူများအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များ ပိတ်ပင်ခံထားရခြင်း၊ နေရပ်စွန့်ခွါစစ်ဘေး ရှောင် များအား လွတ်လပ်စွာလူသားချင်းစာနာခြင်း အကူညီများ ထောက်ပံ့ပေးခွင့်များကို ကန့်သတ် ထားခြင်း စသည်တို့ပါဝင်ပါသည်။
  • ရှေ့ပြေးအသံအဖွဲ့မှ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအခြေအနေပုံမှန်သုံးသပ်ဆွေးနွေးပွဲ (UPR) သို့ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများအရေး နှင့် အမုန်းစကားများနှင့် ဒီမိုကရေစီ နှင့် အရပ်ဘက်လူထုအသိုင်းအဝိုင်း၏ အခန်းကဏ္ဍကျဥ်းမြောင်းလာခြင်း စသည့်အစီရင်ခံစာ များကို ပူးတွဲတင်ပြခဲ့သည်။

_____________________________________________________________________________________________________________

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burmaအဖွဲ့၀င် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် နိုင်ငံရေးအကျဥ်းသားများအားကိုယ်စားပြု သောအဖွဲ့ဖြစ်သည်။ နစ်နာခဲ့သူများ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစတင်၍ မှတ်တမ်းတင် နေသည့် အဖွဲ့အစည်းဖြစ်သည်။

တင်းပြည့် အဖွဲ့အစည်းများ

၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)

၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ (KWAT)

၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၅။တအာင်းကျောင်းသားလူငယ်များ အဖွဲ့ (TSYU)

၆။ထားဝယ် အမျိုးသမီးသမဂ္ဂ (TWU)

၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့  (HRDP)

၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး( AASYC)

၉။အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)

 

ဆက်စပ်အဖွဲ့ဝင်များ

၁။ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

၂။ပအိုဝ်းလူငယ်များအစည်းအရုံး (PYO)

၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (EB-FPPN)

၄။ ရှေ့ပြေးအသံ (PV)