အလုပ်လျှောက်လွှာခေါ်ယူခြင်း
ခေါင်းစဉ် – ရုံးအုပ်ချူပ်ရေးမှူး
နေရာ – ရန်ကုန်
အလုပ်ချိန် – အချိန်ပြည့်
လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇန်န၀ါရီလ (၃၀) ရက်နေ့နောက်ဆုံး
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သမိုင်းကြောင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြု ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် Network for Human Rights Documentation – Burma (လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်) ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ကွန်ယက်၏အဖွဲ့(၈) ဖွဲ့ နှင့် ဆက်စပ် အဖွဲ့အစည်း ၄ ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက်လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။
လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက် သည် ကွင်းဆင်း အချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများလည်း ပေးပါသည်။ Benetech မှ တီထွင်ထားသော လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များ ပေးသော သတင်းအချက် အလက်များကို ညှိနှိုင်းပြီး၊ ဘုံ အချက် အလက် ဘဏ်မှာ ထည့်သွင်း ပါသည်။
လိုအပ်သည့် အရည်အချင်းနှင့် အတွေ့အကြုံများ
၁။ အစိုးရမဟုတ်သော အဖွဲ့အစည်းတွင် လုပ်သက်အနည်းဆုံး ၂ နှစ်အတွေ့အကြုံ ရှိရမည်။
၂။ အင်္ဂလိပ်၊ မြန်မာ ရေးသား ပြောဆိုနိူင်ရမည်။
၃။ ကွန်ပျူတာ အရည်အချင်း (Microsoft word, Excel, Email/ Internet နှင့် အခြား applications) များ အသုံးပြုနိူင်ရမည်။
၄။ အဖွဲ့အစည်းဆိုင်ရာ အချက်အလက် ဖိုင်နှင့်မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းနိူင်ရမည်။
၅။ အစည်းအဝေးအတွက် လိုအပ်သည့် ပြင်ဆင်မူများနှင့် မှတ်တမ်း မှတ်ရာ လုပ်ငန်းများကို စနစ်တကျ လုပ်ဆောင်နိူင်ရမည်။
၆။ အစီအစဉ်ချခြင်း နှင့် အစီရင်ခံစာရေးသားခြင်းများ ဆောင်ရွက်နိူင်ရမည်။
၇။ အလုပ်ပေါ်တွင်စိတ်ဝင်စားမူ စိတ်အားထက်သန်မူရှိရမည်။
၈။ လူအများနှင့် ဆက်ဆံရေး ပြေပြစ်ပြီး အသင်းအဖွဲ့နှင့် လုပ်ကိုင်နိူင်ရမည်။
၉။ အကျင့်စာရိတ္တကောင်းမွန်ရမည်။
၁၀။ သတ်မှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်နိူင်ရမည်။
ရုံးအုပ်ချူပ်ရေးမှူး၏ တာဝန်နှင့် ဝတ္တရားများ
၁။ တာဝန်ခံညှိနှိုင်းဆောင်ရွက်ရေးမှူး နှင့်/ သို့မဟုတ် စီမံခန့်ခွဲရေးဘုတ်အဖွဲ့က ခွင့်ပြုထားသည့်အတိုင်း ရုံးချုပ်၏ အသုံးစရိတ်များကို စီမံခန့်ခွဲခြင်း။
၂။ သုံးလတကြိမ် သက်ဆိုင်ရာ ပရောဂျက်အလိုက် လုပ်ငန်းအကောင်အထည်ဖော်သည့်ကာလ၊ ဆက်လက်ဆောင်ရွက်သည့်ကာလ၊ အသုံးပြုပြီးသည့်ငွေကြေးနှင့် လက်ကျန်ငွေအား ဘဏ္ဍာရေးမှူးနှင့်အတူ ပြုစု၍ စီမံအဖွ့ဲနှင့် လုပ်ငန်းစဉ်အသီးသီးသို့ တင်ပြရန်။
၃။ ရုံးတွင်း စာအဝင်အထွက်စနစ်နှင့် ပရောဂျက်ဖိုင်များအား စနစ်တကျထိန်းသိမ်းခြင်း။ (မူရင်းမိတ္တူ နှင့် ကွန်ပြူတာ မိတ္တူများ)
၄။ ကွန်ရက်ရုံး၏ လိုအပ်ချက်များအတွက်ဆောင်ရွက်ပေးရန်။ သာဓကအားဖြင့် ရုံးလိုအပ်ချက်ပစ္စည်းများ၊ ရုံးတွင်းသန့်ရှင်းခြင်း အပါအဝင် ရုံးသုံးပစ္စည်းများ ထိန်းသိမ်းခြင်း၊ ရုံးပိုင်ပစ္စည်းများအား စာရင်းသွင်းခြင်းနှင့်တခြား ရုံးဝန်ထမ်းများနှင့်အတူ ပူးပေါင်းဆောင်ရန်ရန်။
၅။ ရုံးပြင်ပသို့ တာဝန်ဖြင့်ရောက်ရှိနေသော ဝန်ထမ်းများအတွက် ဖုန်းခေါ်ဆိုမှုများရှိပါက လက်ခံပေးခြင်း၊ သတင်းစကား မှတ်သားထားပေးခြင်း။
၆။ ရုံးအတွက် အစီရင်ခံစာများ ပြင်ဆင်စုစည်းပေးခြင်း၊စီမံဘုတ်အစည်းအဝေးများ၊ ဝန်ထမ်းအစည်းအဝေးများ၊ ကွန်ရက်အစည်းအဝေးများအား မှတ်တမ်းတင်ခြင်းနှင့် အစည်းအဝေးရလဒ်နှင့် ဆုံးဖြတ်ချက်များကို ထပ်ဆင့်ဖြန့်ေ၀ ပေးခြင်း။
၇။ ကွန်ရက်လုပ်ငန်းပြက္ခဒိန်တွင် လုပ်ဆောင်ရမည့်လုပ်ငန်းများ ပုံမှန်ဖြည့်စွက်ခြင်းနှင့် လုပ်ငန်းစဉ်အလိုက်သက်မှတ် ထားသည့် နောက်ဆုံးရက်မတိုင်မီ (Dead Line) လိုအပ်သလို အသိပေး နှိုးဆော်ခြင်း။
၈။ လိုအပ်သလို ကွန်ရက်၏ လုပ်ငန်းများအား ကူညီပေးခြင်း။ သာဓကအားဖြင့် တာဝန်ခံ ညှိနှိုင်းဆောင်ရွက်ရေးမှူး (သို့မဟုတ်) အလုပ်အဖွဲ့များ(သို့မဟုတ်) စီမံခန့်ခွဲရေးဘုတ်အဖွဲ့၏ တာဝန်ပေးအပ်ချက်ဖြင့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဖိုရမ်အစည်းအဝေးများ၊ စည်းရုံး လှုံ့ဆော်မှုများ၊ မှတ်တမ်းတင်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပေးခြင်း။
၉။ ရုံးစာကြည့်တိုက်ရှိစာအုပ်စာတမ်းများကို စာရင်းဇယားဖြင့် ထိန်းသိမ်းထားရှိ၍ တခြားဝန်ထမ်းများလိုအပ်ပါက ကူညီရှာဖွေပေးခြင်း။
၁၀။ ရုံးဝန်ထမ်းများ၏ ရုံးတက်ရုံးဆင်း မှတ်တမ်းအား ကြီးကြပ်ခြင်း။
၁၁။ လစဉ် လှုပ်ရှားမှု အစီရင်ခံစာများအတွက် သက်ဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့ဝင်အဖွဲ့အစည်း များနှင့် သက်ဆိုင်ရာ အလုပ်အဖွဲ့များကိုသတိပေးအကြောင်းကြားခြင်း။
အခြားတာဝန်နှင့် ဝတ္တရားများ
၁။ ရုံးတွင်းအစည်းအဝေးများ နှင့် ဝန်ထမ်းအစည်းအဝေးများ တက်ရောက်ခြင်း။
၂။ လိုအပ်သလို ကွန်ရက်က ဆောင်ရွက်သော လုပ်ငန်းများအားလုံးတွင် ပါဝင်ကူညီခြင်း။
၃။ ကွန်ရက်က အတည်ပြုပြဌာန်းထားသော စည်းမျဉ်း စည်းကမ်းအားလုံးကို လိုက်နာခြင်း။
လျှောက်လွာတင်ရန်
- CV ဖောင်
- ဆက်သွယ်ရန် အမေဲလ်း နှင့် ဖုန်းနံပတ်
- ထောက်ခံပေးမည့်သူ နှစ်ဦး၏ အီးမေဲလ်း နှင့် ဖုန်းနံပတ်
ND – Burma ရုံးသို့ ဆက်သွယ်လိုပါက
- ရုံးအီးမေဲလ်း – office@nd-burma.org
- Coordinator – ဟန်မင်းစိုး (ကိုဟန်ကြီး)
- ဖုန်းနံပတ် + ၀၉ ၂၅၈ ၅၃၅ ၀၈၂ (or) hangyi@nd-burma.org သို့ဆက်သွယ်နိူင်ပါသည်။