အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲဝင် ဒေါ်သက်သက်အောင် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၃၀.၁.၂၀၁၉)ရက်နေ့ နေ့လယ်(၁:ဝ၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်ကော်မတီရုံးခန်း၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး မျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့က (၁၆-၁၀-၂၀၁၈) ရက်နေ့တွင် ထုတ်ဝေခဲ့သည့် ̏ ဥပေက္ခာမပြုကောင်းသောဘဝများ˝ အမည်ရှိအစီရင်ခံစာစာအုပ် နှင့်စပ်လျဉ်း၍ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် နစ်နာခံစားရသူများ၏ တရားမျှတမှုအတွက် ၎င်းတို့ ဆန္ဒများ မေးမြန်းဖော်ထုတ်ထားခြင်းများအား ရှင်းလင်းတင်ပြခဲ့ရာ

အလုပ်အဖွဲ့ဝင် ဦးတိတ်နိုင်မှ အစီ၇င်ခံစာဖြစ်ပေါ်လာရတဲ့အရောင်းအရင်းနှင့် ND-Burma သမိုင်းအကြောင်း နိုင်ငံတကာအသွင်ကူးပြောင်းရေးကာလ အတွေ့အကြုံများ ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်မျာကို ဥပမာများပေးကာ ဦးစွာတင်ပြ ပါသည်။
ကော်မတီအတွင်းရေးမှူး ဦးမျိုထယ်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်ကျော်စိုး၊ ဦးစောချစ်ဦး၊ ဦးပူကင်ထမ်လျန်၊ ဦးအောင်မျိုးလတ်၊ ဦးကင်းရှိန်၊ ဦးဝင်းကြိုင် နှင့် ဦးဝင်းမြင့်တို့မှ လက်ခံတွေ့ဆုံခဲ့ပါသည်။ RWG နှင့် အစီရင်ခံစာဖြစ်ပေါ်လာပုံကို ဦးရဲအောင်မှရှင်းလင်းတင်ပြပြီး၊ ဦးဇော်မိုးမှ အစီရင်ခံစာပါ အချက်အလက်များကောက်ယူရရှိပုံနှင့် တင်ပြထားသောအချက်အလက်များမှ ခံရသူများ၏ ဆန္ဒနှင့် လိုလားချက်များ၊ တောင်းဆိုချက်များကို ရှင်းလင်းတင်ပြပါသည်။

ဒေါ်သက်သက်အောင်မှ အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြအကြံပြုချက်များအကြောင်းတို့ကို အသီးသီးတင်ပြဆွေးနွေးခဲ့ပြီး လွှတ်တော်ကော်မတီများမှ ပြန်လည်မေးမြန်းသောအချက်များကို သွားရောက်တွေ့ဆုံခဲ့ကြသော RWG အဖွဲ့ဝင်များမှ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားပြီး (၁၄:ဝ၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။