မြန်မာနိုင်ငံအတွင်းစစ်တပ်မှ ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏အစီရင်ခံစာ

သတင်းထုတ်ပြန်ချက်
၂၀၁၅၊ မတ်လ ၁၀ ရက်

၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်ဖြစ်သည့် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအနက်မှ ၁၀၇ ခုကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma မှအထောက်အထားခိုင်လုံစွာ မှတ်တမ်းတင်၍ အစီရင်ခံစာအဖြစ် ထုတ်ပြန်လိုက်သည်။

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများသည် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေသည့် နေရာဒေသ များတွင်သာမက အပစ်အခတ်ရပ်စဲရေးသဘောတူထားသည့် နေရာဒေသများတွင်ပါ ဖြစ်ပွားခဲ့သည် ကို တွေ့ရသည်။

ND-Burma ၏ တွေ့ရှိချက်များက ပြသနေသည်မှာ အစိုးရအနေဖြင့် လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်များ ရရှိသည်အထိ တိုးတက်မှုများ ရှိနေသော်ငြားလည်း မြန်မာပြည်သူများအား လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်မှု မဆိုသလောက်သာ ရှိ သည်ဟူသည့် အချက်ဖြစ်သည်။

စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ဝင်တဦးဖြစ်သူ မိသင်းယုမွန် က “ကျွန်မ့တို့ရဲ ့အချက်အလက်တွေအရဆိုရင် ၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်မှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ ပမာဏဟာလျော့မသွားတဲ့အပြင် ပိုတောင်ဆိုးလာပါသေးတယ်။ အထူးသဖြင့် လက်နက်ကိ်ုင်ပဋိပက္ခ ဖြစ်ပွားနေတဲ့နေရာတွေမှာ ဆိုရင်ပေါ့။ ဒါဟာ နိုင်ငံရဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာမရှိမဖြစ်လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ အတားအဆီးတွေဖြစ်လာမှာအသေအချာပါပဲ” ဟုပြောပြသည်။

အစီရင်ခံစာအကြောင်းပိုမိုသိရှိလိုပါက
မြန်မာနိုင်ငံ
လွေးပိုးညိူဝ်း (စည်းရုံးလှုံ့ဆော်ရေးအဖွဲ့)
ဖုန်း + ၉၅ (ဝ ) ၉၇ ၃၀၆ ၃၀၁၇
မိသင်းယူမွန် (စည်းရုံးလှုံ့ဆော်ရေးအဖွဲ့)
ဖုန်း +၉၅ (ဝ) ၉၄ ၂၀ဝ ၄၅၈၃၀

ချက်ပြည်သူ့သမ္မတနိုင်ငံ
ဟန်ကြီး (ညှိနှိုင်းဆောင်ရွက်ရေးမှုး)
ဖုန်း + ၄၂၀ ၇၇၆၇၀၁၉၁၃