AAPP-B နှင့် FPPS တို့မှ မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ

မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှလုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသား များ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦးတွေ့ ရှိချက်များ အစီရင်ခံစာအကျဉ်းချုပ်
နိုင်ငံရေးအကျဉ်းသားဟောင်းများအား
ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းအတွင်း အဆင်ပြေချောမွေ ့စွာ ပြန်လည်ဝင်ဆန့် နိုင်ရေးအတွက် ကူညီစောင့်ရှောက်ရန်
အစိုးရမှတာဝန်ယူလုပ်ဆောင်ပေးမှုဆိုသည်မှာမြန်မာနိုင်ငံတွင်ယနေ့ ကာလအထိ မရှိသလောက်ပင်ဖြစ်ပါသည်။
ထိုသို့ အရေးစိုက်လုပ်ဆောင်ရန်ပျက်ကွက်မှု၏အကျိုး သက်ရောက်မှုများသည် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်၄င်းတို့မိသားစု
ဝင်များ၏နေ့တဓူဝဘဝများကိုသာမကမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက်ကြိုးပမ်းအားထုတ်မှုများကိုပါ များစွာထိခိုက်
ဆုတ်ယုတ်နစ်နာစေပါသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်သည့်
၂၀၁၁ခုနှစ်မှစကာ နိုင်ငံရေးအကျဉ်းသား အများအပြားအား အစုလိုက် အစုလိုက် ထောင်မှလွှတ်ပေးပြီးနောက်ထိုတာဝန် ပျက်ကွက်မှုသည်အရေးတကြီးအာရုံစိုက်စရာကိစ္စရပ်ဖြစ်လာပါသည်။

ဆက်သွယ်ရန်

တိတ်နိုင် နိုင်ငံရေးအကျဉ်းများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) +၆၆(ဝ) ၈၁၂၈ ၇၈၇၅၁

သက်ဦး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ +၉၅(ဝ) ၉၇၃၁၀ ၇၉၃၃

ထုတ်ပြန်ချက်အပြည့်အစုံကို ဒေါင်းလော့ရယူနိုင်ရန်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *