မှတ်တမ်းကောက်ယူရေးလုပ်ငန်းစဉ် ကြားဖြတ်အစီရင်ခံစာ။
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှလုပ်ဆောင်နေသည့် နိုင်ငံရေးအကျဉ်းသား များ မှတ်တမ်းကောက်ယူရေး အစီအစဉ် ကနဦးတွေ့ ရှိချက်များ အစီရင်ခံစာအကျဉ်းချုပ်
နိုင်ငံရေးအကျဉ်းသားဟောင်းများအား
ပတ်ဝန်းကျင်အသိုင်းအ ဝိုင်းအတွင်း အဆင်ပြေချောမွေ ့စွာ ပြန်လည်ဝင်ဆန့် နိုင်ရေးအတွက် ကူညီစောင့်ရှောက်ရန်
အစိုးရမှတာဝန်ယူလုပ်ဆောင်ပေးမှုဆိုသည်မှာမြန်မာနိုင်ငံတွင်ယနေ့ ကာလအထိ မရှိသလောက်ပင်ဖြစ်ပါသည်။
ထိုသို့ အရေးစိုက်လုပ်ဆောင်ရန်ပျက်ကွက်မှု၏အကျိုး သက်ရောက်မှုများသည် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်၄င်းတို့မိသားစု
ဝင်များ၏နေ့တဓူဝဘဝများကိုသာမကမြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက်ကြိုးပမ်းအားထုတ်မှုများကိုပါ များစွာထိခိုက်
ဆုတ်ယုတ်နစ်နာစေပါသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်သည့်
၂၀၁၁ခုနှစ်မှစကာ နိုင်ငံရေးအကျဉ်းသား အများအပြားအား အစုလိုက် အစုလိုက် ထောင်မှလွှတ်ပေးပြီးနောက်ထိုတာဝန် ပျက်ကွက်မှုသည်အရေးတကြီးအာရုံစိုက်စရာကိစ္စရပ်ဖြစ်လာပါသည်။

ဆက်သွယ်ရန်

တိတ်နိုင် နိုင်ငံရေးအကျဉ်းများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) +၆၆(ဝ) ၈၁၂၈ ၇၈၇၅၁

သက်ဦး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ +၉၅(ဝ) ၉၇၃၁၀ ၇၉၃၃

ထုတ်ပြန်ချက်အပြည့်အစုံကို ဒေါင်းလော့ရယူနိုင်ရန်

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *